Pages

Friday, May 24, 2013

မန္တလေးမှာ တခမ်းတနား ကျင်းပတဲ့ ညောင်ရေသွန်းပွဲ


ကဆုန်လပြည့်နေ့သည် ဗုဒ္ဒဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်တခုဖြစ်သည်နှင့်အညီ မန္တလေး နှင့် အနီးတဝိုက်တွင် ယနေ့ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပကြပြီး စတုဒီသာ အအေးနှင့် မုန့်များ ဒါနပြုကြသည်ကို တွေ့ရသည်။

အထူးသဖြင့်  ဧရာဝတီမြစ်အနီး အမရပူရမြို့  ရွှေကြက်ယက် ကျေးရွာ တွင်ကျင်းပသော ကဆုန်ညောင်ညောင်ရေသွန်းပွဲမှာ ရှေးမူမပျက် ရာဇာဝင်း ဒေဝါဝင်းများ ခင်းကာ ကျင်းပသောကြောင့် အလွန်ထင်ရှားသော ပွဲတပွဲ ဖြစ်သည်။
ရပ်နီး ရပ်ဝေးမှ လာရောက်ဆင်နွှဲကြရာတွင် ရှေးမူမပျက် နွားလှည်းများဖြင့် ဇာတ်ပွဲလာကြည့်သည့်ဓလေ့ကိုလည်း ထူးထူးခြားခြား တွေ့နေရဆဲဖြစ်သည်။ 

သို့သော် မိသားစုလိုက် နွားလှည်းနှင့် လာရောက်မှု တဖြည်းဖြည်း နည်းပါးလာသည်။
နွားလှည်းနေရာတွင် အစားထိုးလာသည့်အရာမှာ ထော်လာဂျီများ၊ ထရပ်ကားငယ်များ ဖြစ်သည်။

မန္တလေးမြို့ပေါ်  မဟာမြိုင်ရပ်ကွက် ဗောဓိကုန်းရပ်ရှိ
ညောင်ရေသွန်းပွဲသည်လည်း ညောင်ရေသွန်းလောင်းသူ၊ ရေပက်ဆော့
ကစားသူ များပြားလှသောကြောင့် ထင်ရှားသော ပွဲတပွဲဖြစ်သည်။

တေဇလှိုင် ပေးပို့လာတဲ့ သတင်း နဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။






 


 



 

 



.

No comments:

Post a Comment