Pages

Wednesday, May 29, 2013

ဦးရဲထွဋ် ပြောတဲ့ လားရှိုး အကြမ်းဖက်မှု အကျဉ်းချုပ်

လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး သမ္မတပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က ဖြစ်စဉ် အကျဉ်းချုပ်ကို အခုလို သူ့ဖေ့စ်ဘုတ်မှာ ရေးသား အသိပေးထားပါတယ်။ 




လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ် 

 မေ ၂၈ ရက်နေ့ ညနေ ၁၆၁၅ နာရီမှာ မအေးအေးဝင်း ( ၂၄) နှစ်ကို ကျိုင်းတုံကနေ ရောက်ရှိ နေထိုင်
နေတဲ့ နေ၀င်း (၄၈) နှစ်က ဓာတ်ဆီနဲ့ ပတ်ပြီး မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။ 

နေ၀င်းကို ဖမ်းဆီးပြီး ရဲစခန်းမှာ စစ်ဆေးတဲ့အခါ အကျီအိပ်ထဲက WY တံဆိပ်ပါ စိတ်ကြွ ဆေး
ပြား နှစ် ပြားပါတွေ့ရှိတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၇၊ ၄၃၆၊ ၃၂၆ တို့ အပြင် မူးယစ်ပုဒ်မ ၁၅/ ၁၆ (ဂ) နဲ့ ပါ အမှုဖွင့်အရေးယူခဲ့ပါတယ်။ 

ညနေ ၁၇၄၅ နာရီမှာ သံဃာ ၅၀ ပါးခန့်နဲ့ လူ ၈၀ ခန့် အမှတ် ၁ ရဲစခန်းရှေ့ကိုရောက် လာတဲ့ အတွက် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖျောင်းဖျလူစုခွဲခဲ့ပါတယ်။ 

ည ၁၉၂၀ နာရီမှာ ပြည်နယ် ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားက ဆိုင်တစ်ဆိုင်ရဲ့ရှေ့က ခုံအချို့ ကို လူအုပ်စုနဲ့ ရိုက်ချိုးဖျက်ဆီးမှုစဖြစ်ပါတယ်။ 

၁၉၂၅ မှာ ရပ်ကွက် ၃ က ဘာသာရေး အဆောက် အဦကို စတင်ဖျက်ဆီးမီးရှို့ပါတယ်။ 

၁၉၄၀ နာရီမှာ ရဲတပ်ဖွဲ့များရောက်ရှိပြီး လူစုခွဲခြင်း၊ မီးသတ် နဲ့ ပူးပေါင်းပြီး မီးငြိမ်းသတ်ခြင်း များပြုလုပ် ပါတယ်။ 

ည ၈ နာရီမှာ အမှတ် ၃ ရပ်ကွက်၊ လမ်းမတော်လမ်းနဲ့ ကြာနီကန်လမ်းထောင့်ရှိ မိဘမဲ့ ကလေး ကျောင်းအောက်ရှိ ဈေးဆိုင်ခန်းများ၊ ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားရှိ ဆိုင်ခန်းများ ကို တိုက်ခိုက်ဖျက်ဆီးမှုဖြစ်ပါတယ်။ 

၂၀၃၅ နာရီမှာ လုံခြုံရေးတပ်ဖွဲ့များက အဲဒီအဖွဲ့များကို တားဆီးလူစုခွဲခဲ့ပါတယ်။ 

ည ၂၃၃၀ မှာ မီးအားလုံးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ 

ယခုအချိန်ထိ လူထိခိုက်သေဆုံးတဲ့သတင်းမရရှိသေးပါဘူး။ လားရှိုးမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပြီးတပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက် လျှက်ရှိပါတယ်။ 

အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများက နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုများမဖြစ်အောင် ပူးပေါင်းဆောင်ရွက် နေပါတယ်။ 
 ...............................

ဒီအပြင် ဦးရဲထွဋ်က လားရှိုးမြို့ အကြမ်းဖက်မှုအပေါ် မှတ်ချက်လည်း အခုလို ပေးထားပါသေးတယ်။ 


ရာဇ၀တ်မှု၊ အငြင်းပွားမှုဆိုတာကတော့ ဘာသာတူချင်းဖြစ်သလို ဘာသာမတူတဲ့ လူတွေကြားမှာလည်း ဖြစ်ပွား နေကြတာပါပဲ။ ပြောရရင် ဘာသာတူချင်းကြားမှာ ဖြစ်တဲ့ ရာဇ၀တ်မှုနဲ့ အငြင်းပွားမှုက အရေအတွက်ပိုများမယ်ထင်ပါတယ်။

ဒါပေမယ့် ဘာသာမတူသူချင်းကြား ရာဇ၀တ်မှု ဒါမှမဟုတ် အငြင်းပွားမှုတစ်ခုဖြစ်တာနဲ့ ဒါကို ဘာသာရေး၊ လူမျိုးရေးရှုထောင့်ကနေ ချဉ်းကပ်ပြီး အကြမ်းဖက်မှုဖြစ်အောင်လှုံ့ဆော်တာက တော့ အစွန်းရောက်သွားပြီဖြစ်ပါတယ်။

အခုလိုပျက်စီးမှုတွေမြင်ရတဲ့အခါ ဖျက်ဆီးခဲ့သူတွေအနေနဲ့ ၊ မိမိချစ်ခင်မြတ်နိုးတဲ့ နိုင်ငံ၊ မိမိရိုသေကိုးကွယ်တဲ့ဘာသာအတွက် နိုင်ငံတကာအမြင်မှာ ဂုဏ်တင့်အောင်လုပ်ပေးနိုင်ခဲ့တယ်လို့ ယုံကြည်နိုင်၊ ဂုဏ်ယူနိုင်ပါ့မလား။

4 comments:

  1. ဦးရဲထွတ်ပြောတာမှန်ပါတယ်။ထောက်ခံပါတယ်။ ပညာရှိပါပေတယ်။

    ReplyDelete
  2. ဥပဒေ အလုပ်ဟာ ဥပဒေ တိုင်လုပ်တာအကောင်းဆုံးပဲ မီးရှိုးတယ်ရင်ကုလားအိမ်လောင် ဗမအိမ်မလောင်လိုပြောလိုမရဘူး အကုန်းလောင်တာ အလုံးဒုတ်ခယောက်တာ

    ReplyDelete
  3. ဦးရဲထွဋ်ပြောတာ ထောက်ခံပါတယ်

    ReplyDelete
  4. အမှန်တရားကိုတော့ထောက်ခံပါတယ်..အစွန်းရောက်ရာဇ၀တ်မှုတွေကိုတော့အပြင်းအထန်ကန့်ကွက်ပါတယ်..နိုင်ငံတော်အတွက်လည်းအရာရာထိခိုက်နစ်နာပါတယ်..ဘယ်ရှုထောင့်ကကြည့်ကြည့်တခုမှမကောင်းပါဘူး..ကြားကနေခံရတဲ့ပြည်သူတွေအတွက်အလွန်ဘဲဝမ်းနည်းပါတယ်..ဒီနေ့အထိသွေးထိုးလှုံ့ဆော်သူတွေကိုအမြစ်ကနေမဖော်ထုတ်နိုင်တာကိုတော့ပြည်သူတယောက်အနေနဲ့မြင်ရကြားရတာစိတ်မကောင်းပါဘူး.၀န်ကြီးသီးရဲထွဍ်ကိုတော့အပြည့်အ၀ထောက်ခံပါတယ်....

    ReplyDelete