Pages

Tuesday, May 28, 2013

အယ်ဒီတာ့ အာဘော်ကြောင့် သတင်းစာ လမ်းကြောင်းဖြတ်ခွင့် ပိတ်

ပုဂ္ဂလိက သတင်းတစောင်ရဲ့ အယ်ဒီတာ့ အာဘော်ကြောင့် အဆိုပါ သတင်းစာ ပို့တဲ့ ကားတွေကို ဖြတ် သန်းခွင့် ပိတ်ပင်လိုက်တယ်ဆိုတဲ့ သတင်းဟာ မီဒီယာလွတ်လပ်ခွင့်တွေ တစုံတရာ ရလာနေပြီဆိုတဲ့ ဒီကနေ့အချိန်အခါမှာ အတွေးများစွာဖြစ်စေခဲ့ပါတယ်။ 

 မကြာမီက ပထမဆုံးထွက်ပေါ်လာတဲ့ ပုဂ္ဂလိက သတင်းစာ ၄ စောင်၊ ဓာတ်ပုံ- ဧရာဝတီ

ဖြစ်ပုံကတော့ The Daily Eleven ပုဂ္ဂလိက သတင်းစာက မေလ ၂၆ ရက်နေ့ ထုတ် သတင်းစာမှာ အမြန် လမ်းနဲ့ ပတ်သက်တဲ့ အယ်ဒီတာ့ အာဘော်ကြောင့် သတင်းစာ ပို့တဲ့ ကားတွေကို ဖြတ်သန်းခွင့် ပိတ်လိုက် တယ်လို့ အမြန်လမ်းပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သူ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ပြောလိုက်တာ ကို Eleven Media Group က ရေးသားဖော်ပြထားပါတယ်။ 

" မေလ ၂၇ ရက် ညပိုင်းတွင် The Daily Eleven သတင်းစာပို့သည့်ကားများ အမြန်လမ်းမှ တဆင့်
နေပြည်တော်သို့ သတင်းစာပို့ဆောင်ရန် ထွက်ခွာစဉ် ယနေ့သည် နောက်ဆုံးဖြတ်သန်း ခွင့်ပြုခြင်းဖြစ်
ကြောင်း နောက်ရက်များမှစ၍ The Daily Eleven သတင်းစာပို့သည့်ကားများကို အမြန်လမ်းမအား ဖြတ် သန်း ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန် Toll Gate မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်" လို့ Eleven Media Group က ဆိုထားပါတယ်။

 ဒီသတင်းကြောင့် မြန်မာ့ မီဒီယာလွတ်လပ်ခွင့် တစုံတရာ တိုးတက်လာပြီလို့ ပြောနေတဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ အစိုးရတွေရဲ့ ပြောဆိုတာကို မေးခွန်းထုတ်ရမှာလား၊ အမြန်လမ်း ဖြတ်သန်းခွင့် မပေးတဲ့ အင်ဂျင်နီယာတွေကို မေးခွန်းထုတ်ရမှာလား၊ စသဖြင့် မေးခွန်း ထုတ်ဖို့ စဉ်းစားရ ကြပ်သွားစေခဲ့တာ အမှန်ပါ။ 

သတင်းစာ အယ်ဒီတာ့ အာဘော်ကြောင့် ဖြတ်သန်းသွားခွင့် ပိတ်လိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်း သမားတွေကို သတိပေးလိုက်သလို ဖြစ်နေပါတယ်။ 
ဒီအတွက် မြန်မာ သတင်းမီဒီယာလောကအတွက် ရင်လေးဖွယ်ဖြစ်ရပ်တခုလို့ ပြောရမယ် ထင်ပါတယ်။

တကယ်ဆိုရင် နှစ်ပေါင်းများစွာ နိုင်ငံပိုင် အစိုးရသတင်းစာတွေသာ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ မကြာသေးမီကာလကမှ ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်တွေကို တရားဝင်ချမှတ်ပေးခဲ့တာပါ။ 







အိမ့်သံစဉ် ~

1 comment:

  1. အမြန်လမ်းမကြီးက သူတို့ ဘိုးဘွားပိုင်များလားမသိဘူး

    ReplyDelete