Pages

Wednesday, May 22, 2013

သမ္မတ ဦးသိန်းစိန်- ဟီလာရီနဲ့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌတို့နဲ့လည်း တွေ့ဆုံခဲ့

အမေရိကန် ပြည်ထောင်စုကို တရားဝင် အလည်အပတ် ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ တည်းခိုရာ Four Seasons ဟိုတယ်မှာ ယခင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မစ္စ ဟီလာရီကလင်တန် ကိုလည်း လက်ခံတွေ့ဆုံခဲ့ပါတယ်။ 

 အဲဒီလို တွေ့ဆုံရာမှာတော့ ကလင်တန်ဖောင်ဒေးရှင်းအနေနဲ့ မြန်မာနိုင်ငံက သန့်ရှင်းတဲ့ သောက်သုံးရေ ရဖို့၊ မိခင်နဲ့ကလေး အသေအပျောက် နှုန်း လျော့နည်းဖို့၊ လယ်ယာကဏ္ဍမှာ ထုတ်လုပ်မှုနဲ့ သိုလှောင်မှု ဆိုင်ရာ နည်းပညာများရရှိဖို့၊ လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိရေး၊ ဆိုလာ စွမ်းအင်စနစ် အသုံးပြုရေး၊ 

ဆေးရုံ သုံးနဲ့ ဆေးဝါးပစ္စည်းတွေ ရရှိရေးတွေနဲ့ မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ လိုအပ်တဲ့ အကူအညီတွေ ရဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံး ၀က်ဆိုက်မှာ ပြောထားပါတယ်။

ဓာတ်ပုံများ- သမ္မတရုံးဝက်ဆိုက်

အဲဒီနောက်မှာတော့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Dr. Jim Yong Kim ကိုလည်း သမ္မတ ဦးသိန်းစိန်က အဆိုပါ ဟိုတယ်မှာဘဲ လက်ခံတွေ့ဆုံကာ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်
ရေး၊  ကျေးလက် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ မြှင့်တင်ရေး၊ အခြေခံအဆောက်အအုံတွေ တည်ဆောက်
ရေးတွေအတွက်လည်း ဆွေးနွေးပြောကြားခဲ့ပါတယ်။




No comments:

Post a Comment