Pages

Thursday, May 16, 2013

လေယာဉ်တစီး ရှမ်းပြည်တွင် ဘီးချော်

မြန်မာ့လေကြောင်းက ပြည်တွင်းခရီးစဉ် ပြေးဆွဲနေတဲ့ လေယာဉ်တစီးဟာ  ယနေ့ နေ့လယ်ပိုင်းက  ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်လေယာဉ်ကွင်း အဆင်းမှာ ဘီးချော်သွားလို့ လူ ၂ ဦး ဒဏ်ရာ ရသွား ခဲ့တယ်လို့ သတင်းရပါ တယ်။ 

 ဓာတ်ပုံ-Than Win's ဖေ့စ်ဘုတ်

ဒဏ်ရာရသူ အမျိုးသမီး ၂ ဦးဟာ လက်ကျိုးသွားလို့ မိုင်းဆတ်မြို့က စစ်ဆေးရုံမှာ ဆေးကုသပေး ထားပြီး သေဆုံးမှု မရှိဘူးလို့လည်း မိုင်းဆတ်ဒေသခံတွေက ပြောဆိုနေကြပါတယ်။ 

အသေးစိပ်အခြေအနေကို မြန်မာ့လေကြောင်းလိုင်းက ထုတ်ပြန်ခြင်း မရှိသေးလို့ လေယာဉ် ဘီးချော် မှု ဖြစ်စဉ်ကို အတိအကျ မသိရသေးပါဘူး။ 

ဒေသခံ တဦးကတော့ လေယာဉ်ဘီးချော်သွားလို့ လေယာဉ်အတောင်ပံ တဖက် အနည်းငယ်ပျက်စီးပြီး ၀မ်းဗိုက်လည်း ပျက်စီးသွားတယ်လို့ ဧရာဝတီကို ပြောပါတယ်။ 

အဆိုပါ သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်းအင်တာနက် စာမျက်နှာမှာ နန်းသီရိလွင် ရေးသား တင်ပြထားတဲ့ မိုင်းဆတ်မှာ လေယာဉ် ပြေးလမ်းချော်၊ ၂ ဦး ဒဏ်ရာရ ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။

No comments:

Post a Comment