Pages

Sunday, May 19, 2013

ဒေးဗစ်ဘက်ခမ်းရဲ့ မျက်ရည် ( ရုပ်/သံ)

ကမ္ဘာကျော် ဘောလုံး သမား ဒေးဗစ်ဘက်ခမ်း က သူ့ဘ၀မှာ သိပ်မြတ်နိုးတဲ့ ဘောလုံးလောကကို စွန့်လွှတ်ဖို့ကြေညာအပြီး နောက်ဆုံး ပွဲစဉ်မှာ မျက်ရည်တွေကျခဲ့ရပါတယ်။



နှစ်ပေါင်း ၂၀ လောက် ဘောလုံးလောကမှာ ကျင်လည်ခဲ့ပြီးတဲ့နောက် အခု နောက်ဆုံးပွဲစဉ်အဖြစ် 
ပြင်သစ်ထိပ်တန်း ကလပ်သင်းတခုဖြစ်တဲ့ PSG ( ပဲရစ်စိန့်ဂျာမိန်း) အသင်းနဲ့ ဘရက်စ် ( Brest ) နဲ့ ပွဲဟာ သူ့ ဘောလုံးသမားဘ၀ရဲ့ နောက်ဆုံး ပွဲစဉ်ဖြစ်တာကြောင့် မျက်ရည်ကျခဲ့တာပါ။ 

ဘက်ခမ်းဟာ PSG အသင်းမှာ ဘောလုံး ကစားသမားဘ၀ကို နောက်ဆုံး အဆုံးသတ်ခဲ့တာပါ။ 

ဒီမျက်ရည်ဟာ အဓိပ္ပာယ်တွေအများကြီး  ရှိနိုင်ပါတယ်။ ၀မ်းသာခြင်းတွေ ရှိနိုင်သလို ၀မ်းနည်းခြင်းတွေ လည်း ရှိနိုင်ပါတယ်။ 

 ဒါပေမယ့် ဘက်ခမ်းရဲ့ မျက်ရည်ဟာ ဘောလုံးလောကို အနိုင်ပိုင်းလိုက်တဲ့ မျက်ရည်လည်းဖြစ်နိုင်ပါတယ်။ ကိုယ့်ဘ၀ရဲ့အောင်မြင်မှုတွေပေးခဲ့တဲ့ လောကတခုကို လုံးဝ စွန့်လွှတ်ဖို့ ဆုံးဖြတ်အပြီး နောက်ဆုံးအချိန်မှာ ဒီလို မျက်ရည်မျိုးဆိုတာ လူ့သဘာဝအရ ကျတတ်ကြမယ် ထင်ပါတယ်။



  


အိမ့်သံစဉ် ~ 

ဆက်စပ်သတင်း 

အနိုင်နဲ့ပိုင်းတော့မယ့် ဘက်ခမ်း

1 comment:

  1. ကိုရင်ဖိုးစံMay 28, 2013 at 5:31 AM

    End It Like Beckham

    ReplyDelete