Pages

Thursday, May 9, 2013

၈၈ တွေ သီပေါက ကြိုပေမယ့် ဟိုပန်က အ၀င်မခံ

၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း ရှမ်းပြည်နယ်ခရီးစဉ်ဟာ ယမန်နေ့ ကတော့ သီပေါမြို့ကို ရောက်ခဲ့ပါတယ်။ ဒေသခံလူမှုအဖွဲ့တွေနဲ့ သီပေါမြို့သူ၊ မြို့သားတွေက လှိုက်လှဲ ၀မ်းမြောက်စွာ ကြိုဆိုခဲ့ကြပါတယ်။ 

ဓာတ်ပုံ- ၈၈ မျိုးဆက်

သီပေါမြို့ကို ရောက်စဉ်မှာတော့ သမိုင်းဝင် ဘော်ကြိုဘုရား၊ သီပေါ မဟာမြတ်မုနိတို့ကိုလည်း သွားရောက်ခဲ့ပါတယ်။ 

ဒီအပြင် အာဏာရှင် ဦးနေ၀င်းလက်ထက်က လက်စဖျောက် အသတ်ခံခဲ့ရတဲ့ သီပေါစော်ဘွား စပ်ကြာဆိုင် ရဲ့ ဟော်နန်းဆောင်ကိုလည်း သွားရောက်လော့လာခဲ့ကြပါတယ်။ 









အခုလို ဦးမင်းကိုနိုင်၊ ဦးမင်းဇေယျတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေကို သီပေါမြို့က ၀မ်းမြောက်စွာ ကြို ဆိုခဲ့ကြပေမယ့် မေလ ၇ ရက်နေ့ကတော့ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟိုပန်မြို့နယ် က ဒေသခံ ဆိုသူတွေက မြို့ ကို ၀င်ရောက်ခွင့် မပေးလို့ အစီအစဉ် ပျက်ခဲ့ရပါတယ်။ 

ဟိုပန်က ဖိတ်ကြားလို့ သွားရောက်မယ့် အစီအစဉ်ရှိခဲ့ပေမယ့် မြို့ခံ ဦးခွန်စိန်ဦးဆောင်တဲ့ အဖွဲ့ က တောင်ပေါ် ရွာတွေ က ရွာသားတွေကို ကားတွေနဲ့ ခေါ်လာပြီး မြို့အ၀င်တံတားမှာ လူအုပ်ကြီးကို ချထားကာ ၈၈ မျိုးဆက်ကျောင်းသား တွေကို လက်မခံကြောင်း စာတွေရေးပြီး ဟန့်တားခဲ့တယ်လို့ သိရပါတယ်။ 

၈၈ တွေကို ဟိုပန်မြို့က အ၀င်မခံခဲ့တာနဲ့ပတ်သက်လို့တော့ ဧရာဝတီ မြန်မာပိုင်း အင်တာနက် စာမျက်နှာ မှာ နန်းဆိုင်နွမ်ရေးသားတင်ပြထားတဲ့ ၈၈ အဖွဲ့ကို ဟိုပန်မြို့က ပေးမ၀င် ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။ 



အိမ့်သံစဉ် ~

No comments:

Post a Comment