Pages

Thursday, May 16, 2013

အဆုံးမသတ်နိုင်သေးတဲ့ ကိုယ်ထူကိုယ်ထ စနစ်

ဗိုလ်ချုပ်ကြီးတွေ ယူနီဖောင်းအပြည့်နဲ့ တိုင်းပြည်အုပ်ချုပ်တဲ့ခေတ်တုန်းက ရပ်ကွက်အတွင်းလမ်းတွေကို အများပြည်သူက ကိုယ်ထူကိုယ်ထအားနဲ့ ဖန်တီးခဲ့ကြတယ်။
အခု ဗိုလ်ချုပ်ကြီးတွေ ယူနီဖောင်းလဲပြီး တိုင်းပြည်အုပ်ချုပ်ချိန် ရောက်လာတော့ ဘယ်လို အပြောင်းအလဲ ရှိပါသလဲ။ ဧရာဝတီသတင်းထောက် ပြည်တော်မြင့် ပေးပို့လာတဲ့ သတင်းတို တပုဒ်မှာ ဒီအကြောင်း တွေ့ရမယ် ထင်ပါတယ်  ....

ရွှေတောင်ရပ်ကွက် စံပယ်လမ်း လမ်းခင်းမှု မြင်ကွင်း (ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ)
မွန်တို့ဌာနေ ရာမညမြေရဲ့ မြို့တော်ကြီးမှာရှိတဲ့  ကမ်းနားလမ်း၊ အောက်လမ်းမကြီး၊ ဗဟိုလမ်း၊ အထက်လမ်းမကြီး စတဲ့ အဓိကလမ်းမကြီးလေးခုဟာ မြန်မာနိုင်ငံရဲ့စံနှုန်းနဲ့ဆိုရင် အဆင့်မြင့်လမ်းမကြီးတွေလို့ ဆိုနိုင်ပါတယ်။

မွန်ပြည်နယ်အစိုးရကလည်း ဒီလမ်းတွေကို အဆင့်မြင့်လမ်းတွေဖြစ်အောင် စီစဉ်ထားပုံပါပဲ။ 

 အဓိကလမ်းမကြီးတွေကို ဦးစားပေးသလို လူနေရပ်ကွက်တွေထဲက လမ်းသွယ်၊ လမ်းငယ်တွေကိုလည်း  ကတ္တရာဖြစ်ဖြစ်၊ ကွန်ကရစ် ဖြစ်ဖြစ် ခင်းပေးစေချင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မော်လမြိုင်ရွှေတောင် ရပ်ကွက်သား တဦးကတော့ ...
"အခု ကျွန်တော်တို့ရပ်ကွက်က စံပယ်လမ်းဆိုရင် မြင်တဲ့အတိုင်းပဲ ကိုယ်ထူကိုယ်ထ ခင်းနေရတယ်။  ရပ်ကွက်တိုင်းဒီလိုပဲ" လို့ ဧရာဝတီသတင်းဌာနကိုပြောပါတယ်။

တခြားရပ်ကွက်များမှာရှိတဲ့ လမ်းသွယ်တွေကလည်း ကိုယ်ထူကိုယ်ထ စနစ်နဲ့ပါပဲ တဲ့။ 

မွန်ပြည်နယ်အစိုးရက ဘက်စုံဖွံ့ဖြိုးရေးတွေလုပ်ရာမှာ အောက်ခြေရပ်ကွက်တွေကိုလည်း  အာရုံထဲထည့်ပေးစေလိုတယ် လို့ ရွှေတောင်ရပ်ကွက်သားတွေက သဘောထားတွေ ပေးကြပါတယ်။



.

No comments:

Post a Comment