Pages

Monday, May 13, 2013

Heineken ဘီယာ မြန်မာမှာ စက်ရုံတည်မယ်

ကမ္ဘာ့ တတိယ အကြီးဆုံး ဘီယာ ကုမ္ပဏီကြီးက ရန်ကုန်မြို့အနီး စက်ရုံတည်ဆောက်ရန် အမေရိကန် 
ဒေါ်လာ သန်း ၆၀ ရင်းနှီးမြှုပ်နှံပြီး မြန်မာဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချရန်ရှိတယ်လို့ သတင်းရ ပါတယ်။ 



ကမ္ဘာ့အကြီးဆုံး Heineken ဘီယာကုမ္ပဏီနဲ့ ဦးအောင်မိုးကျော်က ရှယ်ယာအများစု ပိုင်ဆိုင်သည့် Alliance Brewery Co Ltd (ABC) နှင့် ယနေ့ ဖက်စပ် စာချုပ်ချုပ်လိုက်ပြီလို့ ရိုက်တာ သတင်းတပုဒ်က ရေးထားပါ တယ်။  

အဆိုပါ ဖက်စပ်ကုမ္ပဏီကို APB Alliance Brewery ဟု ခေါ်ဆိုပြီး ဟန်နီကန်က ၅၇ ရာခိုင်နှုန်း ပိုင်ကြောင်း သိရပါတယ်။ 

၂၀၁၄ ခုနှစ် အကုန်တွင် ဟန်နီကန်ဘီယာတွေ မြန်မာဈေးကွက်အတွင်း စတင် ဖြန့်နိုင်မယ်လို့ ခန့်မှန်း ထားတယ်လို့ ဆိုပါတယ်။

No comments:

Post a Comment