Pages

Wednesday, May 29, 2013

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အစီအစဉ် NLD ထုတ်ပြန်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၈ နှစ်မြောက် မွေးနေ့ လာ မယ့် ဇွန်လ ၁၉ ရက်နေ့မှာတော့ မွေးနေ့ပွဲကို ပါတီ ရုံးချုပ်တည်ရှိရာ အနောက်ရွှေဂုံတိုင်မှာ ကျင်းပဖို့ ရှိပါတယ်။ 



မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင်ပေးတာနဲ့ပတ်သက်ပြီး ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့က ယနေ့ နေ့စွဲ့နဲ့ စာထုတ်ထားပါတယ်။ 

မြို့နယ် အလုပ်အမှုဆောင်အဖွဲ့အားလုံးကို လိပ်မူပြီး ထုတ်ပြန်ထားတဲ့ စာမှာ မွေးနေ့လက်ဆောင် အဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ကျန်းမာရေး ကွန်ရက်၊ ပညာရေး ကွန်ရက်တွေကို ထည့်ဝင်လှူဒါန်းကြဖို့ တိုက်တွန်းထားချက် ပါဝင်ပါတယ်။ 

မေတ္တာလက်ဆောင် ပေးချင်သူတွေ၊ အလှူငွေ ပေးချင်သူတွေအနေနဲ့ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံး ထားပြီး အရောက်ပေးဖို့ဖို့လည်း မှတ်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲမှာ စတုဒီသာ ကျွေးမွေးတာနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 





အိမ့်သံစဉ် ~

No comments:

Post a Comment