Pages

Wednesday, May 15, 2013

ရေငုပ်ပြီး ဓာတ်ပုံရိုက်နိုင်မယ့် Sony ဖုန်းအသစ်

        
တယ်လီဖုန်းကို ရေအောက်ယူသွားတာ စကားပြောဖို့ မဟုတ်ပါဘူး။ ဖုန်းဆက်ဖို့ပါ။ ဒီအကြောင်း ဧရာဝတီ အိုင်တီ ဆောင်းပါးရှင် ဆောင်းဦးလင်းက အခုလို ပြောပြထားပါတယ် ...

Sony ရဲ့ အသစ်ထွက်ရှိလာမယ့်ဖုန်းအသစ် Sony Xperia ZR ဟာ လက်ရှိနာမည်ကြီးဖုန်းတွေမှာ မပါဝင်သေးတဲ့ နည်းပညာသစ်တွေ ထည့်သွင်းထားပါတယ် တဲ့။

အဲဒီထဲမှာ ရေစိမ်ခံနိုင်တဲ့အစွမ်းလည်း အပါအ၀င်ပေါ့။

ရေအောက် ၅ မီတာအထိ ဖိအားခံနိုင်မယ်၊ ရေထဲမှာ ဓာတ်ပုံရိုက်ချင်တဲ့ သူတွေအတွက် အဆင်ပြေစေမယ့် အကောင်းစား ကင်မရာလည်း ထည့်သွင်းတပ်ဆင်ထားတယ်လို့ သိရပါတယ်။

ရေဖိအားဒဏ်ခံနိုင်မှုဟာ IP 55 – IP 58 ရှိတယ်၊ အရင်ထွက်ရှိထားတဲ့ Sony Xperia Z ထက် သာလွန်ကောင်းမွန်ပါတယ်။
 ရေစိုဒဏ် ခံနိုင်တယ်ဆိုပေမယ့်လို့  ဒီဖုန်းကို ပင်လယ်ရေထဲ  အသုံးမပြုသင့်ဘူး၊ သန့် ရှင်းတဲ့ ရေကူးကန်မှာသာ အသုံးပြုသင့်တယ်လို့ ကြိုတင် တိုက်တွန်းထားတာပါ။

ကျန်တဲ့အချက်တွေအနေနဲ့ တော့  ဖုန်းမျက်နှာပြင်ဟာ အရွယ်အစားဟာ Sony Xperia Z နဲ့ တူညီပြီး  4.6 screen size ရှိပါတယ်။
အလုပ်လုပ်တာမြန်ဆန်ဖို့ အတွက်တော့ 1.5 GHz quad-core Qualcomm Snapdragon Processor ကိုအသုံးပြုထားပါတယ်။


(ဧရာဝတီဘလော့မှာ ဖော်ပြထားတဲ့ အိုင်တီ အကြောင်းအရာတွေကိုပဲ ဖတ်လိုတယ် ဆိုရင် သွားရမယ့် နေရာက http://blog.irrawaddy.org/search/label/IT ဖြစ်ပါတယ်။)

သိုလှောင်နိုင်မှုမှတ်ညဏ်အားဖြင့် 2GB ပါရှိပြီး memory card ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
ဓာတ်ပုံရိုက်မယ့်သူတွေနှစ်ခြိုက်နိုင်တာကတော့  13-megapixel camera ပါရှိခြင်းပါပဲ။
ဒါကြောင့် အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ 

ဒါ့အပြင် HD quality ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး  Exmor RS Image Senson ကိုအသုံးပြုထားတာကြောင့် ရေအောက်မှာ ဓာတ်ပုံကောင်းတွေ
ရိုက်ချင်တဲ့သူတွေအတွက်အဆင်ပြေစေမှာပါ။

Sony က လက်ရှိအချိန်မှာတော့ ဈေးနှုန်းကို မကြေညာသေးပါဘူး။
 နောက်လပိုင်းအတွင်း ထွက်ရှိလာမှာဖြစ်ပါတယ်။
အရောင်အနေနဲ့ကတော့ အဖြူ နဲ့  အနက်ကိုပဲ  တကမ္ဘာလုံးကိုဖြန့် ချီမှာဖြစ်ပါတယ်။

ကြော်ငြာကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီလင့်မှာသွားရောက်ကြည့်ရှုနိုင်ကြပါပြီ။
https://www.youtube.com/watch?feature=player_embedded&v=h1a7KjdUqmA

ကိုးကား

http://mashable.com/2013/05/13/sony-xperia-zr/





.

No comments:

Post a Comment