Pages

Tuesday, June 18, 2013

ခြင်ဆေး စတေကာ

MOSAWAY လို့ အမည်ရတဲ့ စတေကာတွေဟာ သင့်တော်တဲ့ တနေရာမှာ ကပ်ထားလိုက်ရုံနဲ့ အနီးရှိ လူတွေကို ခြင်ကိုက်တာက အကာအကွယ်ပေးနိုင်တယ် ဆိုတာကြောင့် ဈေးကွက်ထဲမှာ အဲဒီ ခြင်မလာ
ခြင်ဆေး စတေကာတွေ အရောင်းတွင်ကျယ်နေတယ်လို့ သိရပါတယ်။ 

MOSAWAY ခြင်ဆေး စတေကာ၊ ဓာတ်ပုံ- ကြေးမုံသတင်းစာ

တောင်ငူမြို့မှာ သွေးလွန်တုတ်ကွေးဖြစ်ပွားမှုတွေ မြင့်တက်လာနေတာကြောင့် ဆေးဆိုင်တွေမှာ မော့စ်အဝေး  
ခြင်မလာစေတဲ့ ခြင်ဆေး စတေကာတွေ ရောင်းအားကောင်းလို့ ပစ္စည်းတောင် ပြတ်သွားရပါတယ်လို့ ဒီကနေု့ ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ 

စတေကာက တခုကို ကပ်ထားရင် ၁၂ နာရီ ကြာ ခြင်မလာနိုင်ပဲ ခြင်ကိုက်ခြင်းက ကာကွယ်ပေးနိုင်တယ် လို့ ဆိုထားပါတယ်။ စတေကာ တဗူးကို ကျပ်ငွေ ၁၈၀၀ ပေးရပြီး စတေကာ ၁၀ ခုပါတယ်လို့ ဆိုပါတယ်။ 

တချိန်ကတော့ ခြင်ဆေး ဖြန်းပက်ဗူး၊ ခင်ဆေးခွေ၊ ခြင်ဆေး အမွှေးတိုင်၊ ခြင်မလာအောင် လိမ်းတဲ့ လိမ်းဆေး တို့ပဲ ရှိခဲ့ပြီး အခုတော့ ခြင်ဆေး စတေကာ ဆိုတာ ဈေးကွက်မှာ ပေါ်ထွက်လာတာလည်းဖြစ်ပါ တယ်။ 

လိမ်းဆေးကလည်း လူ့ခန္ဓာကိုယ်က အရေးပြားကို တစုံတရာ ထိခိုက်နိုင်သလို ခြင်ဆေးခွေနဲ့ ခြင်ဆေး အမွေးတိုင်၊ ခြင်ဆေးဗူးတွေကလည်း အနံ့အသက်ကြောင့် ကျန်းမာရေး တစုံတရာ ထိခိုက်နိုင်ပါတယ်။ 

အခု ခြင်ဆေးစတေကာက အနံ့ပြင်းပြင်း မထွက်ဘူးဆိုရင်တော့ အရေးပြားလည်း ထိခိုက်မှု မရှိသလို အနံ့ နဲ့တော့ ဆိုးကျိုး မဖြစ်တန်လောက်ဘူး ထင်ပါရဲ့။



အိမ့်သံစဉ် ~
 

No comments:

Post a Comment