Pages

Tuesday, June 25, 2013

ခင်ဇာခြည်ကျော် အတုနဲ့ အစစ် ကွဲပြားစေဖို့ အသိပေး

သရုပ်ဆောင် ခင်ဇာခြည်ကျော်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အတူနဲ့ အစစ် ခွဲခြား သိစေဖို့ ဗီဒီယို ကလစ် တခုကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က တင်ထားပါတယ်။ 

  
 ခင်ဇာခြည်ကျော် အစစ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ

အတုနဲ့ အစစ် ခွဲခြား သိစေဖို့ ဗီဒီယို ကလစ်ကို တင်ရတဲ့ အကြောင်းကတော့ ခင်ဇာခြည်ကျော် ရဲ့ ဖေ့စ်ဘုတ် အဟောင်းဟာ ဟက်ကာရဲ့ လက်ချက်မိပြီး မဟုတ်တဲ့ သတင်းတွေ တင်ထားလို့ဖြစ်တယ်လို့ သူက ပြောထားပါတယ်။ 

"ကျမ ဒီဗီဒီယို ဖိုင်လေးကို တင်လိုက်ရတာ ဖေ့စ်ဘုတ်ပေါ်မှာ ခင်ဇာခြည်ကျော် ၂ ယောက်ဖြစ်နေလို့ပါ" လို့ ခင်ဇာခြည်ကျော် က ပြောပါတယ်။ 

သူ့ရဲ့ အကောင့် အစစ်အမှန်က Khinzar Chikyaw Zar Lay ( https://www.facebook.com/zin.ni.16) ပဲဖြစ်ပါတယ်တဲ့။ သူ့ရဲ့ Fan Page ကိုလည်း အသစ်ဖွင့်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

သူ့ရဲ့ အဟက်ခံလိုက်ရတဲ့ ဖေ့စ်ဘုတ်အကောင့်နဲ့ Fan Page အဟောင်းတွေနဲ့ပတ်သက်လို့လည်း သူက 
"ဇာလေးကို ချစ်တယ်ဆိုရင် အရင် Report များများ လုပ်ပေးကြပါ" လို့ ပြောပါတယ်။

အဲဒီ ခင်ဇာခြည်ကျော်ရဲ့ ဖေ့စ်ဘုတ် အကောင့်အဟောင်းတွေကနေ သူ့ကို သိက္ခာချမှုတွေ၊ မဟုတ် သတင်း လုပ်ကြံဖန်တီးမှုတွေ ရှိနေလို့ သူက အဲဒီလိုပြောရတာပါတဲ့။ 

" Aroma နဲ့ ကျမကို အမှုဖြစ်တယ်၊ တရားစွဲမယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး" လို့ သူက ရှင်းပြပါတယ်။

လာမယ့် ဇူလိုင်လ ၇ ရက်နေ့၊ အမျိုးသားဇာတ်ရုံမှာ လုပ်မယ့် Aroma ရှိုးပွဲမှာလည်း ၀တ်စုံ ၃ စုံနဲ့ ပါဝင် ဖို့ ရှိနေသလို မောင်နှမတွေလိုဖြစ်နေတဲ့ Aroma နဲ့ ဘာမှ ပြဿနာတွေလည်း မရှိဘူးဆိုတာ ထပ်ပြောပါ တယ်။



အိမ့်သံစဉ်~

1 comment: