Pages

Tuesday, June 25, 2013

Oxford မှာ ထူးချွန်မြန်မာကျောင်းသားများပညာသင်ခွင့်ရရေး ၈၈ ဆွေးနွေး

အင်္ဂလန်နိုင်ငံသို့ ရောက်ရှိနေကြသော ၈၈ မျိုးဆက်များဖြစ်ကြတဲ့ ဦးမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ထူးချွန် တဲ့ မြန်မာကျောင်းသားတွေ အတွက် Oxford တက္ကသိုလ်မှာ ပညာသင်ကြားနိုင်ခွင့် အခွင့်အလမ်းတွေ ကိစ္စ မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

ဓာတ်ပုံ- ၈၈ မျိုးဆက်

ယမန်နေ့ နံနက် ပိုင်း က Oxford တက္ကသိုလ်ကို သွားခဲ့ပြီး Lady Margaret Hall ၌ International Gender Studies က ဒါရိုက်တာ Dr Maria Jaschok နဲ့ တွေ့ဆုံခဲ့စဉ် အဲဒီလိုဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ၈၈ မျိုးဆက် တဦးဖြစ်သူ ကိုမာကီးက ဧရာဝတီကို ပြောပါတယ်။

Oxford တက္ကသိုလ်ကို ရောက်ချိန်မှာ တာဝန်ရှိသူတွေက Oxford တက္ကသိုလ်သမိုင်းအကျဉ်းနဲ့ International Gender Studies ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ 



ပြီးတော့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ St Hugh's Collage ကျောင်းအုပ်ကြီးနဲ့ နံနက်စာ အတူ သုံးဆောင်ခဲ့ ကြပြီး နေ့လယ်ပိုင်းမှာတော့ Oxford ကျောင်းသားသမဂ္ဂကို သွားရောက်ခဲ့ရာ ကျောင်းသား သမဂ္ဂနဲ့ အဖွဲ့က သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်နေတာတွေ ရှင်းပြခဲ့တယ်လို့လည်း သိရပါတယ်။ 

ထူးခြားတာကတော့ အဆိုပါ Oxford ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌက မြန်မာ့ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင် ခဲ့တဲ့ ကျောင်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရင်ဘတ်မှာ ခွပ်ဒေါင်း ရင်ထိုးတံဆိပ်ကို အမြတ်တနိုး တပ်ဆင် ထားတာ တွေ့ရတယ်လို့လည်း ကိုမာကီးက ပြောပါတယ်။ 





                             Oxford ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌနဲ့ ခွပ်ဒေါင်း ရင်ထိုးတံဆိပ်




အိမ့်သံစဉ် ~

No comments:

Post a Comment