Pages

Monday, June 24, 2013

အစိုးရသတင်းစာနဲ့ တွဲလုပ်မယ့်အဖွဲ့ကို ရွေးလိုက်ပါပြီ


အင်္ဂလိပ်ဘာသာနဲ့  ထုတ်ဝေနေတဲ့ အစိုးရသတင်းစာ The New Light of Myanmar က အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ မတ်လကုန်ပိုင်းမှာ ဖိတ်ခေါ်ခဲ့ပါတယ်။

တင်ဒါ အောင်မြင်သူဘယ်သူ ဆိုတာကို ဒီမနက် အများသိရပါပြီ။



တင်ဒါစိစစ်ရွေးချယ်မှုကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ရာတွင် Global Direct Link Co.Ltd  တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် လို့ ပြန်ကြားရေးဝန်ကြီးဌာန အွန်လိုင်းမှာ ဖော်ပြထားပါတယ်။
Global Direct Link  ဆိုတာ ပြည်တွင်းအဖွဲ့လား၊ ပြည်ပ အဖွဲ့လား ဆိုတာကိုတော့ မသိရသေးပါ။

အဲဒီလိုရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး ဘဏ္ဍာ​ရေး နဲ့ နည်းပညာပိုင်းဆိုင်ရာ သုံးသပ်ချက်များကိုလည်း အစိုးရ ကြေညာချက်မှာ အခုလို တွေ့ရပါတယ်။

ဘဏ္ဍာ​ရေးဆိုင်ရာအချက်အလက်များ
(က)လုပ်ငန်းရှင်/ကုမ္မဏီဆိုင်ရာ အချက်အလက်များ ပိုင်ဆိုင်မှု ၊ ခိုင်မာမှုနှင့် အစဉ်အလာ ကောင်းမွန်မှုအပေါ် သုံးသပ်ခြင်း
(ခ)ငွေကြေးဆိုင်ရာ အထောက်အထားများနှင့် ဘဏ္ဍာရေး ရှင်းတမ်းများ (အနီးစပ်ဆုံး ဘဏ္ဍာနှစ် အထိ ၃-နှစ်)အပေါ် သုံးသပ်ခြင်း
(ဂ)အကျိုးတူ လုပ်ငန်းဆောင်ရွက်မည့် အစီအမံအတွက် ရင်းနှီးမြှုပ်နှံမည့် ငွေပမာဏနှင့် ထည့်ဝင်မည့် နည်းလမ်းအပေါ်  သုံးသပ်ခြင်း
(ဃ)သီးခြားတင်ပြချက်များအပေါ် သုံးသပ်ခြင်း

နည်းပညာပိုင်းဆိုင်ရာ အချက်များ
(က)ပုံနှိပ်မီဒီယာအပါအဝင် မီဒီယာလုပ်ငန်းများတွင် အတွေ့အကြုံရှိမှုအပေါ် သုံးသပ်ခြင်း
(ခ)အကျိုးတူဖက်စပ်ဆောင်ရွက်မည့် အစီအမံအပေါ် သုံးသပ်ခြင်း
(ဂ)အနာဂတ်တွင် ဆက်လက်တိုးချဲ့လုပ်ကိုင်မည့် မျှော်မှန်းချက်အပေါ် သုံးသပ်ခြင်း
(ဃ)အကျိုးတူဖက်စပ်ဆောင်ရွက်မည့် အစီအမံအပေါ် နည်းပညာဆိုင်ရာ ပံ့ပိုးနိုင်မှုနှင့် ဆက်သွယ် ရယူမှုအပေါ်သုံးသပ်ခြင်း
(င)သီးခြားတင်ပြချက်များအပေါ် သုံးသပ်ခြင်း

ဖက်စပ်သတင်းစာကို ဘယ်အချိန်မှာ စတင်ဖတ်ရမယ် ဆိုတာကို မကြာခင် သိရဖွယ်ရှိပါတယ်။

အစိုးရရဲ့ အင်္ဂလိပ်ဘာသာ သတင်းစာ ဘယ်လို အသွင်ပြောင်းသွားမလဲ ဆိုတာကိုတော့ ထွက်လာမှပဲ သိရမှာပါ။

ဒီကနေ့ သတင်းစာ (အပေါ်ပုံ) မှာတော့ ကြေးမုံ/မြန်မာ့အလင်း တို့မှာ ပါဝင်တာတွေကို ဘာသာပြန်ထားတာတွေကိုပဲ အများအပြား တွေ့ရပါတယ်။ 

ဆက်စပ်
သတင်းစာ ဖက်စပ်လုပ်ကိုင်ဖို့ အစိုးရ ဖိတ်ခေါ် 
http://blog.irrawaddy.org/2013/03/blog-post_7937.html

ကိုးကား
 ပြန်ကြားရေးဝန်ကြီးဌာန အွန်လိုင်း
http://www.moi.gov.mm/announcement/24/06/2013/id-456



.

No comments:

Post a Comment