Pages

Wednesday, June 19, 2013

အနာဂတ် ကောင်းစေဖို့ ကလေးငယ်များကို နို့တိုက်စို့

နိုင်ငံပြန်လည် ထူထောင်ရေးမှာ အဓိက အခန်းကဏ္ဍက ရှိနေတာက အနာဂတ်အတွက် ကလေးငယ်များကို ယနေ့ပစ္စုပ္ပာန်မှာ ပြုစုပျိုးထောင်ပေးခြင်းပင်ဖြစ်ပါတယ်။ 


 ဓာတ်ပုံ- www.seattleglobalist.com

ဒီလိုပြုစုပျိုးထောင်ပေးရာမှာ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ အစီအစဉ်တခုက အလွန်ထိရောက်ပြီး တကယ် အကျိုး ရှိ တယ်ဆိုတဲ့ သက်သေတွေ ထူပြနေတာကတော့ နို့တိုက်ကျွေးမှု အစီအစဉ်ဟာ တခုအပါအ၀င်ပါဘဲ။ 

မြန်မာနိုင်ငံမှာလည်း အခြေခံ ပညာကျောင်းတွေမှာ နို့တိုက်ကျွေးရေးကို စီမံကိန်းချပြီး ဆောင်ရွက်နေပါပြီ။ 

“နိုင်ငံတော် သမ္မတ က နို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက် (၃) ချက် ရှိပါကြောင်း၊ ၎င်းတို့မှာ ကျန်းမာသန် စွမ်းစေရန်၊ ကိုယ်ခန္ဓာဖွံ့ဖြိုးစေရန်နှင့် ဥာဏ်ပညာ ထက်မြက်စေရန်တို့ဖြစ်ပါကြောင်း၊ ထိုရည်ရွယ်ချက် (၃) ချက်နှင့်အတူ နို့တိုက် ကျွေးရေး စီမံကိန်းကို စနစ်တကျ ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း” လို့ သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

သမ္မတ ဦးသိန်းစိန်နဲ့ နို့တိုက်ကျွေးရေး စီမံကိန်းအတွက် အလှူရှင် ကုမ္ပဏီတွေက တာဝန်ရှိသူတွေ 
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC) မှာ ယမန်နေ့က တွေ့ဆုံတဲ့ သတင်းမှာ အခုလို ဖော်ပြထား တာပါ။ 

ဦးသိန်းစိန်ဟာ ဆွီဒင်နိုင်ငံ Tetra Laval ကုမ္ပဏီ ဥက္ကဋ္ဌ Mr.Jorn Rausing၊ Tetra Laval ကုမ္ပဏီနဲ့ ယင်း ကုမ္ပဏီ အောက်ရှိ Tetra Pak Sauth & South East Asia ကုမ္ပဏီတို့မှ ကိုယ်စားလှယ်တွေ၊ ထိုင်းနိုင်ငံ CP Meiji ကုမ္ပဏီမှ ကိုယ်စားလှယ်များနှင့် လှူဒါန်းမှု ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးသည့် MK ကုမ္ပဏီ ဥက္ကဋ္ဌ ဦးလှဝင်းနဲ့ တာဝန်ရှိ သူတွေနဲ့ တွေ့ခဲ့တာပါ။ 

“ယခုကဲ့သို့ ပြုပြင်ပြောင်းလဲရေးပြုလုပ်နေချိန်တွင် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှုသည် မဖြစ်မနေ လို အပ်သည့် အချိန်အခါဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်၏ အခြေခံသည် ကျန်းမာရေးနှင့် ပညာရေးပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နွားနို့လှူဒါန်းခြင်းသည် ကျန်းမာရေးနှင့် ပညာရေးကို အထောက်အကူပြုသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း” အဆိုပါ အလှူရှင်တွေနဲ့ တွေ့ဆုံစဉ်မှာ ဦးသိန်းစိန်က ပြောတယ်လို့ သမ္မတရုံး ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ 



အိမ့်သံစဉ်~

No comments:

Post a Comment