Pages

Friday, June 14, 2013

အစိုးရ သတင်းစာက ပြောတဲ့ မလေးရှားက မြန်မာတွေရဲ့ အခြေအနေ

ဒီကနေ့ထုတ်နိုင်ငံပိုင် သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာမှာတော့ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က စတင်ပြီး မလေးရှား မှာ မြန်မာတချို့ တိုက်ခိုက်ခံရလို့ သေဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရသူ ၆ ဦးရှိ တယ်လို့ ရေးသား ဖော်ပြထားပါတယ်။ 



အခြားသတင်းဌာနတွေနဲ့ မလေးရောက်မြန်မာတွေရဲ့ ပြောဆိုချက်အရ တိုက်ခိုက်ခံရလို့ သေဆုံးခဲ့သူ 
မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦးသေဆုံးပြီး ၁၀ ဦးထက် မနည်း ဒဏ်ရာရကြောင်းနဲ့ တချို့လည်း အခုထိ 
ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် မလေးရှားရောက်မြန်မာတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေဆက်တိုက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ 

မလေးရှားနိုင်ငံရှိ မြန်မာ နိုင်ငံသားများ ကြုံတွေ့နေရသော အခက်အခဲများ စုံစမ်းစစ်ဆေးရန်နှင့် အကာအကွယ်ပေးမှုများ အတွက် အစိုးရ အထူး ကိုယ်စားလှယ်အဖွဲ့က ဇွန်လ ၁၁ ရက်နေ့က သွားရောက်ခဲ့ကြတာပါ။

အဲဒီအဖွဲ့ကို နိုင်ငံခြားရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးဇင်ယော် ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဒေါ်ဝင်းမော်ထွန်း တို့ ဦးဆောင်ပြီး သွားရောက်တာဖြစ်ပါတယ်။

အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့ မလေးရှားကို ရောက်ပြီး ၃ ရက်အကြာမှာ နိုင်ငံပိုင် သတင်းစာတွေက အခုလို ဖော်ပြလာတာလည်းဖြစ်ပါတယ်။ 

အဖွဲ့ခေါင်းဆောင် ဦးဇင်ယော်ကလည်း မလေးရှား အစိုးရရဲ့ အဆိုပါ ကိစ္စအပေါ် ကိုင်တွယ်ဖြေရှင်းမှုအပေါ်
ကျေနပ်အားရတယ်လို့ မနေ့ကပဲ ပြောထားပါသေးတယ်။


 ကြေးမုံသတင်းစာ 

 မြန်မာ့အလင်း သတင်းစာ 

အိမ့်သံစဉ် ~

No comments:

Post a Comment