Pages

Saturday, June 22, 2013

တရုတ်ပြည်က အဖေနဲ့ သားတို့ရဲ့ ဒေါသဖြင့် ကားချင်း တိုက်ပြီး ဖြေရှင်းပုံ

တရုတ် မီဒီယာတခုမှာ ဇွန်လ ၂၁ ရက်နေ့က ဖော်ပြသွားတဲ့ မိုက်မိုက်ကမ်းကမ်း ကားတိုက်မှုတခုပါ။ 
 ထူးဆန်းတာက ဖခင်နဲ့ သား ဖြစ်သူတို့က ဒေါသတွေကို မြို့ထဲက  မီးပွိုင့် အနီး ကားလမ်းပေါ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ကားချင်း တိုက်ကြတဲ့ အဖြစ်ပါ။
သူတို့ ကိုယ်စီ မောင်းလာတဲ့ အကောင်းစား ဇိမ်ခံကား မာစီးဒီး ကားနဲ့ ဘီအမ်ဒဗလျူ ကားတွေလည်း ဖြစ်ပါတယ်။



 အဖေ ဖြစ်သူ မောင်းလာတဲ့ မာစီးဒီး ကား နဲ့ သားဖြစ်သူရဲ့ ဘီအမ်ဒဗလျူ ကားတို့တိုက်တဲ့ ဖြစ်စဉ်ဟာ သတင်းရဲ့ အဆိုအရ  အိမ်က မိသားစု အမျက်ဒေါသကို လမ်းပေါ် ထိ သယ်လာပြီး လမ်းလယ်ခေါင် မီးပွိုင့် တခုမှာ အဖေဖြစ်သူက သားဖြစ်သူ ကားကို မိုက်မိုက်ကန်းကန်း လိုက်တိုက်လိုက်တဲ့ ဖြစ်စဉ်ပါ။ 

ဒါကို CCTV က မှတ်တမ်းတင်ထားတာဖြစ်ပြီး တရုတ်မီဒီယာတခုက ယမန်နေ့က တင်ပြလာခဲ့တာပါ။

  


အိမ့်သံစဉ် ~ 

1 comment:

  1. စိတ်ကျမ္မာရေးစစ်ဖို့လိုပြီ

    ReplyDelete