Pages

Wednesday, June 26, 2013

ဒေါ်ဝါဝါဝင်းရွှေနဲ့ လုပ်ငန်းရှင်ဦးကျော်မြင့်အမှု နောက်ဆက်တွဲ

 ဖြိုချလိုက်တဲ့ ဆုထူးပန်ရုပ်ရှင်ရုံ မြေနေရာနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုကြီးအကြောင်း  ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၄ မှာ တမျက်နှာပြည့်ကြော်ငြာ တွေ့ရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကျော်မြင့်ရဲ့ ရှေ့နေ ၄ ဦးက ထည့်တဲ့ ကြော်ငြာပါ။

ကြော်ငြာရဲ့ ဆိုလိုရင်းကတော့ - အငြင်းပွားမှုမှာ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေ မှားတယ်၊ ဦးကျော်မြင့် မှန်တယ် ဆိုတာပါပဲ။

အထပ် ၂ဝ ကျော် တိုက်သစ်ဆောက်ရေးစီမံကိန်းအတွက် ကုန်ကျမယ့် ကျပ်သိန်းပေါင်း တသောင်းကို ဒေါ်ဝါဝါဝင်းရွှေ မပေးနိုင်သေးဘူးလို့ ကြော်ငြာမှာ ရေးပါတယ်။

တနေ့တုန်းက ဒေါ်ဝါဝါဝင်းရွှေတို့ရဲ့ ထုတ်ပြန်ချက်မှာတော့ ကျပ်သိန်းပေါင်း ကိုးထောင် ပေးထားပြီးပြီလို့ ရေးထားတဲ့အပြင်
ဦးကျော်မြင့်ရဲ့ လူတွေ အဲဒီလုပ်ငန်းခွင်က ထွက်သွားဖို့ သတိပေးထားပါတယ်။

ဦးကျော်မြင့်တို့ရဲ့ ဒီကနေ့ တုံ့ပြန်ချက်မှာတော့ ....  ဒီမြေနေရာကို သူတို့ ထိန်းထားမယ်၊ ကျူးကျော်သူမှန်သမျှကို အရေးယူမယ် တဲ့။

အင်း ... တိုက်ပွဲကတော့ ပြင်းထန်လှတယ်လို့ ဆိုရပါမယ်။

ဦးကျော်မြင့်က ရန်ကုန်တိုင်းတရားရုံးမှာ အမှု ၂ ခု တင်ထားတယ်လို့လည်း ကြော်ငြာက ဆိုတယ်
၁။ အောက်လမ်းနည်းသုံးတယ်ဆိုတဲ့ ဒေါ်ဝါဝါဝင်းရွှေရဲ့ စွပ်စွဲချက်အတွက် နစ်နာကြေးရလိုတယ်
၂။   မြေနေရာ ပြန်ပေးမယ်၊ သို့သော်လည်း စာချုပ်ကို တဖက်သတ် ဖျက်တဲ့အတွက် စရံငွေအားလုံး "အဆုံးရှုံးခံသည်ဟုသာ မှတ်ယူရန်ရှိ"
ဒီအမှု ၂ ခု စလုံးကို တရားရုံးက လက်ခံထားတယ်လို့ ကြော်ငြာက ဆိုတယ်။

ကြော်ငြာမှာ ပါတဲ့ အောက်လမ်းနည်း ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီဘလော့မှာ သတင်း ဖော်ပြခဲ့ပြီးပါပြီ။
ဒေါ်ဝါဝါဝင်းရွှေဓာတ်ပုံအင်းချပြီး မီးရှို့မှု သုံးကြိမ်ပေါ်ပေါက်  http://blog.irrawaddy.org/2013/06/blog-post_2517.html မှာ ဖတ်နိုင်ပါတယ်။

ဒေါ်ဝါဝါဝင်းရွှေ နဲ့ ဦးကျော်မြင့်တို့ နှစ်ဘက်လုံးက ဒီအမှုတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွေ သီးခြားစီ လုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။

ရှေ့ဆက် ဘာတွေဖြစ်လာမလဲ?
သူသိပ်မနာ၊ ကိုယ်သိပ်မနာ ဖြစ်အောင် ဝင်ညှိပေးမယ့် ကြားလူ ပေါ်လာမလား။
သို့တည်းမဟုတ်
တဘက်ဘက်က ရှုံးသွားမလား ??

လောလောဆယ် အမြတ်ထွက်နေတာကတော့ သူတို့ငှားထားတဲ့ ရှေ့နေတွေ၊ ကြော်ငြာပါတဲ့
သတင်းစာတွေပဲ ဖြစ်ပါလိမ့်မယ် လို့ ယူဆရပါတယ်။


ဆက်စပ် - မင်းသမီး ဓာတ်ပုံကို အင်းချမီးရှို့ရာကနေ စတဲ့ဇာတ်လမ်း တရားရုံးကို ဆက်မည်  http://burma.irrawaddy.org/archives/43058

(ဓာတ်ပုံ - ရွှေအမြုတေ)



.
http://burma.irrawaddy.org/archives/43058

6 comments:

  1. ဒေါ်ဝါ၀ါဝင်းရွှေက အသေ၀နာစဗာလာနံ ဆိုတဲ့ မင်္ဂလာတရားတော်နဲ့ အညီမှ မနေထိုင်၊ မကျင့်ကြံတာကိုး..။
    ဗုဒ္ဓ၀င်မှာပါတဲ့ သူတော်ကောင်း၊ သူတော်မြတ်ကြီးတွေက လူမိုက်တွေနဲ့ အပေါင်းအသင်းမဖြစ်ပါရစေနဲ့၊ အဝေးမှာ နေရပါရစေ၊ အသံကိုမျှ မကြားချင်၊ ဘယ်လိုမှမပတ်သက်ပါရစေနဲ့.. စသဖြင့် လူမိုက်ဆိုသူတွေနဲ့ ဝေးကွာဖို့ကိုပဲ တစ်မျိုးတည်းအရေးတကြီး ဆုတောင်းတာ မှတ်သားဖူးတယ်။
    မင်းသမီးကြီးက တကယ့် နာမည်ကြီး လူလိမ်၊ လူညာ၊ မဟုတ်တာမှန်သမျှ လက်ရဲဇက်ရဲ အကုန်လုပ်ရဲတဲ့ လူမျိုးနဲမှ သွားပတ်သက်မိတာကိုး။
    ငွေနောက်ကိုပဲ လိုက်နေတဲ့ တရားရေးမဏ္ဍိုင်ကြီးကတော့ ဂွင်တစ်ခုရပြီလို့ ကြိတ်ပြီး ၀မ်းသာနေမလားမသိ..

    ReplyDelete
  2. ဆောက်လုပ်ရေးလုပ်ငန်းလုပ်ဖို့ ကျပ် သိန်း ၉ဝဝဝ ပေးထားတာတောင် ဆောက်လုပ်ရေးကုမ္ပဏီ ကဘာလို့လုပ်ငန်းဆက်မလုပ်နိုင်ရတာလဲ..

    ReplyDelete
  3. အေးအေးနေခဲ့လို့ဘဲ နိုင်ငံတ၀က်လောက် ပါသွားပြီလေ။
    နောင်ကိုဘုန်းကြီးတွေ စစ်သားအစောင့်နဲ့ဆွမ်းခံကြွရမှာလား ရေခဲတုံးရဲ့

    ReplyDelete
  4. အောက်လမ်းအောက်လမ်း ဘာမှတ်နေတုံး၊ အပင်းဝင်ပြီးရင် တောင်းသမျှပေး၊ ခိုင်းသမျှလုပ်။ လူကောင်းကို လူဆိုးထင်။ လူဆိုးကို လူကောင်းထင်။ ရန်သူကို မိတ်ဆွေလိုမြင်၊ မိတ်ဆွေကို ရန်သူလိုမြင်။
    တစ်ခြားနိုင်ငံတွေမှာ စုန်းကဝေ အောက်လမ်းတွေကို အရေးယူတဲ့ ဥပဒေပုဒ်မတွေ ရှိတယ်၊ မြန်မာပြည်မှာ အဲလို ဥပဒေမျိုးရော မလိုဘူးလို့ထင်နေကြသလား။ မြန်မာပြည် လူမှုစီးပွားဘဝ နိမ့်ကျရတဲ့အကြောင်းထဲမှာ အဲဒါတွေရဲ့အကြောင်းမကင်းတာကို မသိသေးသမျှ ဒီလိုပဲ နိမ့်ကျမြဲ နိမ့်ကျ နေအုံးမှာပဲ။ ဘုရားတရားသံဃာရတနာသုံးပါးနဲဆန့်ကျင်တဲ့ပညာလို့ ဆိုထားတာ ဘယ်လိုလူမျိုးဘယ်လိုဘာသာဝင်တွေ တွင်တွင်ကျယ်ကျယ် သုံးစွဲကြလေမလဲ။ တစ်ချက်လောက် စဉ်းစားခန်းဝင်ကြည့် ဆွေးနွေးကြည့်ကြစမ်းပါ။

    ReplyDelete
  5. သေချာတော့ မသိပါ။
    ပြောသံကြားဖူးသလောက် မြန်မာပြည်မှာ ဆောက်လုပ်ရေး အားလုံးနီးပါး --လိမ် ခေါ်တောတွေ ကြီးစိုးနေတယ် ဆိုဘဲ။
    မြန်မာတွေ မယှဉ်နိုင်တော့ဘူးလား။
    ဒါမှမဟုတ် လူလိမ်၊ လူညာ၊ မဟုတ်တာမှန်သမျှ လက်ရဲဇက်ရဲ အကုန်လုပ်ရဲတဲ့ လူမျိုး မဟုတ်လို့လား။
    Irrawaddy, please post it. Myanmar needs level playing field.
    Only when there is rule of law, we can have it

    ReplyDelete
  6. အဲဒီ အင်းအိုင်ခလှဲ့ လက်ဖွဲ့တွေ မန္တာန်တွေ ယတြာတွေနဲ့ မြန်မာပြည်ကျွန်လဲဖြစ်ခဲ့ပြီးပြီ၊ အခုလဲ ဖွတ်ဖွတ်ကို ကြေနေပြီ။ အဲဒါတွေ သုံးသူ စီရင်ပေးသူမှန်သမျှကို ဖမ်းဆီးထောင်ချနိုင်တဲ့ ဥပဒေရှိရင်ကောင်းမယ်။ အပေါ်က မှတ်ချက်တစ်ခုမှာ လိမ်-ခေါ်တောလို့ ပါတယ်၊ အဲဒီ ဦးကျော်မြင့်ဆိုတာ ခေါ်တောလား။ ခေါ်တောဆိုရင်တော့ ညောင်မြစ်ကို ပေါ်အောင် တူးကြပါ။ တိုင်းပြည်တည်ဆောက်ရာမှာ မြန်မာလုပ်ငန်းရှင်တွေကို ဦးစားပေးပါ။ ဒီတိုင်းပြည်ဟာ မြန်မာတို့ရဲ့ တိုင်းပြည်ဖြစ်တယ်။ မြန်မာဆိုတာ တိုင်းရင်းသား ၁၃၅ မျိုးစလုံးကို ဆိုလိုတယ်။

    ReplyDelete