Pages

Wednesday, June 19, 2013

အစိုးရသတင်းစာတွေကို Eleven ဖြေရှင်းချက်တောင်း



ကြေးမုံ နဲ့ မြန်မာ့အလင်းမှာ မနေ့က ဖော်ပြချက်တခုနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့   Eleven မီဒီယာရဲ့သတင်းစာက တောင်းဆိုလိုက်ပါတယ်။

အစိုးရအာဘော် ဒီသတင်းစာ ၂ စောင်ရဲ့ အယ်ဒီတာအဖွဲ့ကို တောင်းဆိုလိုက်တာပါ။

Eleven မှာ ဇွန် ၁၃ ရက်နေ့ ထည့်ခဲ့တဲ့ "၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အစိုးရမှ ပြင်ဆင်ရေးဆွဲကာ  လွှတ်တော်သို့တင်ရန် စီစဉ်နေပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အများစု ကန့်ကွက်မည်" ဆိုတဲ့ သတင်းက မှားယွင်းနေတယ်ဆိုပြီး အစိုးရသတင်းစာတွေက ရေးခဲ့ပါတယ်။

(အစိုးရသတင်းစာများမှာ ဖော်ပြခဲ့တာကို  http://blog.irrawaddy.org/2013/06/blog-post_8703.html မှာ ဖတ်ရှုနိုင်ပါတယ်။)

"မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ယခုကဲ့သို့ ဖော်ပြချက်သည် ယှဉ်ပြိုင်ဘက် သတင်းစာအချင်းချင်း ဂုဏ်သိက္ခာ ထိခိုက်နစ်နာအောင် စွပ်စွဲရေးသားခြင်း ဖြစ်သည့်အတွက် သက်ဆိုင်ရာ အယ်ဒီတာအဖွဲ့မှ ပြန်လည်ဖြေရှင်း တောင်းပန်ရန် The Daily Eleven သတင်းစာက တောင်းဆိုအပ်ပါသည်" လို့ The Daily Eleven သတင်းစာ အယ်ဒီတာအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ဒီထုတ်ပြန်ချက်ကို ဒီနေ့ထုတ် သတင်းစာ စာမျက်နှာ ၁၅ မှာ ဖတ်နိုင်သလို

Eleven အွန်လိုင်းမှာ ဖတ်နိုင်ပါတယ်။
Eleven ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အစိုးရပြန်ကြားရေးဌာနက တုန့်ပြန်ခြင်း မရှိသေးပါ။

မီဒီယာတွေမှာ ဖော်ပြထားတာတွေနဲ့ ပတ်သက်ပြီး Facebook မကြာခဏ တုန့်ပြန်လေ့ရှိတဲ့ ပြန်ကြားရေး ဒုဝန်ကြီးကလည်း ဂျာမနီ ရောက်နေပါတယ်။
သူ့ Facebook မှာ ဂျာမနီရောက် မြင်ကွင်းတွေကိုပဲ တွေ့ရပါတယ်။



.

No comments:

Post a Comment