Pages
Saturday, June 15, 2013
အရိုက်ခံရတယ်ဆိုတဲ့အမျိုးသမီး ကိစ္စ မေမြို့ NLD ပြန်ရှင်း
ဧရာဝတီသတင်းဌာနက ယမန်နေ့က မေမြို့ ( ပြင်ဦးလွင်)မှာ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း တင်ပြစာပေး ရန် ကြိုးစားခဲ့တဲ့အတွက် ရိုက်နှက်ခံရပြီး ဆေးရုံတက်၊ ကုသရတယ်ဆိုတဲ့ အမျိုးသမီး က ပြင်ဦးလွင် NLD တွေကို ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်ဆိုတဲ့ သတင်းကို ဖော်ပြခဲ့ပါတယ်။ 
ဧရာဝတီ သတင်းထောက် မန်းသာလေး ရေးသားတင်ပြထားတဲ့ အရိုက် ခံခဲ့ရသည်ဆိုသည့် အမျိုးသမီး က ပြင်ဦးလွင် NLD များကို အမှုဖွင့် (http://burma.irrawaddy.org/archives/42215)   ဆိုတဲ့ သတင်း 
ဖြစ်ပါတယ်။  
ပြင်ဦးလွင်မြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း NLD လုံခြုံရေးများ၏ ရိုက်နှက်မှုကြောင့် ဆေးရုံ တင်လိုက်ရသည် ဆိုသည့် အမျိုးသမီးက ပြင်ဦးလွင် NLD လုံခြုံရေးများကို အမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
NLD လုံခြုံရေးများ ရိုက်နှက်သဖြင့် ဆေးရုံတက်ခဲ့ရသည့် မခိုင်ဝတ်ရည်သန္တာမောင်သည် ယနေ့ ဆေးရုံ က ပြဆင်းလာပြီ ဖြစ်ပြီး ပြင်ဦးလွင်မြို့နယ် ဝက်ဝံ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
“ကျမ ဒီနေ့ ဆေးရုံက ဆင်းဆင်းချင်း ၀က်ဝံရဲစခန်းသွားပြီး အမှုဖွင့်ထားပါတယ်။ စခန်းက စစ်ချက် ယူနေပါပြီ” ဟု မခိုင်ဝတ်ရည်သန္တာမောင်က ပြောသည်။
မခိုင်ဝတ်ရည်သန္တာမောင်သည် ဒဏ်ရာများရရှိခဲ့သောကြောင့် ပြင်ဦးလွင်ဆေးရုံတွင် ၃ ရက်အကြာ တက်ရောက် ကုသ ခံခဲ့ရကြောင်း၊ ဇွန်လ ၁၀ ရက်နေ့က ဆေးရုံတက်ခဲ့ရပြီး ၁၃ ရက်နေ့တွင် ပြန်လည် ဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း၊ ဆေးရုံ ရှိ တာဝန်ကျ ဆရာဝန်များက ဆေးရုံ တပတ် တက်ခိုင်းသော်လည်း ၎င်းသားငယ်၏ လုံခြုံရေးကို စိုးရိမ်သည့်အတွက် ဆေးရုံတွင် ၃ ရက်သာ နေပြီး အိမ်တွင် ဆက်လက် ကုသလျှက် ရှိကြောင်း သိရသည်။
.....................
အဆိုပါ သတင်းဖော်ပြပြီး လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ ပြင်ဦးလွင် NLD က ဖေ့စ်ဘုတ်စာမျက်နှာမှာ (https://www.facebook.com/photo.php?fbid=199557523535477&set=a.100595103431720.904.100004436910938&type=1&theater) အောက်ပါ အတိုင်း တုံ့ပြန်ရေးသား ထားပါတယ်။ 
9.6.2013 နေ. အမေ ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင် ခရီးစဉ်နှင့်ပတ်သက်ပြီး အမျိုးသမီး တဦး ၏ သတင်းအမှားများတွေနေရပါသည်၊ ၄င်းကိစ္စနှင့်ပတ်သက်ပြီးတိကျခိုင်လုံတဲ့ သက်သေ အထောက်အထား များ ရှိပါသလား၊ ၄င်းအမျိုးသမီး အရိုက်ခံရပြီး ဆေးရုံးတက်ရသည်ဆိုသော ဆေးရုံးကို စုံစမ်းပြီပြီးလား သတင်းမှားနေပါသည်။ 
အမေ ဒေါ်အောင်ဆန်စုကြည် ပြင်ဦးလွင်ခရီးစဉ်အတွက် တိုင်စာ ၊မြေယာကိစ္စ၊ကျန်စာများ ကို
တစ်ပတ်ကြို တင် လက်ခံပေးခဲ့ပါသည်။ 
 ၉.၆.၂၀၁၃ နေ. တွင်လည်း ပွဲ ရှေ.မှာ သတင်းနှင့်ပြန်ကြားရေး ရုံး ဖွင့်လှစ်ပြီး စာများလက်ခံ ခဲ့ပါသည်။
 တဖက်သတ်သတင်းအမှားကြောင့် အဖွဲ.ချုပ်ဂုဏ်သိက္ခာ ကျဆင်းနိုင်ပါတယ်။
  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြင်ဦးလွင်မြို.
ပြည်တော်သာ (၃)လမ်း
သတင်းနှင်ပြန်ကြားရေး
4 comments:
  1. မေမြို့ခရီးစဉ်မှာ ဒေါ်စုကိုလည်း ဦး္ပဇင်းတစ်ပါးက လက်ရှိအခြေနေကို ပြောင်းပြန်လုပ်ပြောပြီး လမ်းကြောင်းချမေးခွန်းတွေ မေးခဲ့တာ သတိထားမိတယ်။
    အကယ်၍များ ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေကိုကော ဒီလိုမေးကြသလား၊ မေးကောမေးရဲကြပါသလား။ မေးစရာတွေက ချရေးလို့ မကုန်နိုင်လောက်အောင်ပါပဲ။
    အဓိက အတိုက်ခံပါတီနဲ့ ခေါင်းဆောင်ကို အောက်လမ်းနည်းနဲ့ တိုက်ခိုက်ဖို့ အစီစဉ်ရှိရှိ လုပ်နေကြသလားဆိုတာ သံသယဖြစ်စရာတွေ များလာနေပါပြီ။
    အန်အယ်ဒီ နိုင်နိုင်မနိုင်နိုင်၊ ဒေါ်စုသမ္မတ ဖြစ်ဖြစ်မဖြစ်ဖြစ် ကျုပ်အတွက် အရေးမကြီးပါ။
    ဒါပေမယ့် မတရားလုပ်မှာတွေကိုတော့ ထိုင်ကြည့်နေမှာမဟုတ်ပါ။
    ကျုပ်တို့ သာမန်ပြည်သူတွေ အလိမ်ခံခဲ့ရပေါင်းများလှ ကြာလှပါပြီ။
    ဘာမှမလုပ်နိုင်၇င်တောင် ပြောသင့်တာကို ပြောနေမှာပါပဲ။
    Anonymous 1
    ReplyDelete
  2. ကဲ ဘယ်လိုလဲ ဧရာဝတီ၊ တိကျ ခိုင်လုံ ရဲ့လား ။ ဒီချုပ် ကို အများပြည်သူ အထင်လွဲအောင် ဆွချင် ဖွချင်တာလား ၊ နောက်ဆက်တွဲ ခိုင်လုံတဲ့ သတင်းလေးတွေ သိချင်ပါသေးတယ်။
    ReplyDelete
  3. ကလေးအဖေပေါ်ချင်တဲ့အမျိုးသမီးကိုပြောပေးပါ။ DNA စစ်ရင်နေ့တွင်းချင်းပေါ်ပါတယ်
    လို့ ဒေါ်လာ၂၀၀ဘဲကျပါတယ်။ မဟုတ်ပါဘူးလို့ငြင်းနေတဲ့လွှတ်တော်အမတ်လည်း
    ရှင်းရှင်းလင်းလင်းဖြစ်အောင်DNA စစ်ပေးလိုက်ပါလား။ဟုတ်နေရင်တော့ဒီချုပ်သိက္ခာ
    မကျအောင်လွှတ်တော်အမတ်ကနေနှုတ်ထွက်ပေးလိုက်ပေါ့။ အခုရှင်းမှနောင်
    မရှုတ်မှာ။နောက်မို့ဆိုရင်ဦးနေဝင်းထက်ဆိုးတဲ့ဒီမိုရရေစီသမ္မတတွေပေါ်လာနေအုံး
    မယ်။
    ReplyDelete
  4. လုပ်င်္ကြဇတ်လမ်းတပုဒ်ပါ...NLD ကိုသိက္ခာချစေချင်တဲ့သဘောဆိုတာလူတိုင်းသိပါတယ်...ဒီအမျိုးသမီးက...ကလေးအဖေဘယ်သူမှန်းမသိဘူးဆိုတော့..ခလေးအဖေတွေကများနေလို့လား။
    ReplyDelete