Pages

Wednesday, July 3, 2013

ဒေါ်ဝါ၀ါဝင်းရွှေရဲ့ ကျေးဇူးတင်လွှာ


လုပ်ငန်းရှင်တယောက်နဲ့ဖြစ်ပွားနေတဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာမျိုးစုံကနေ "ဝိုင်းဝန်းနှစ်သိမ့်အားပေးစကား ပြောကြား" သတင်းမေးကြသူများကို  ကျေးဇူးတင်ပါကြောင်း သရုပ်ဆောင် ဒေါ်ဝါ၀ါဝင်းရွှေက  အင်္ဂါနေ့ထုတ် ကြေးမုံသတင်းစာမှာ ကြော်ငြာ ထည့်သွင်းတာ တွေ့ရပါတယ်။

"ရင်ထဲက မဖော်ပြနိုင်လောက်အောင် ကျေးဇူး ဥပကာရ အထူး တင်ရှိပါကြောင်း" လို့ ကြော်ငြာက ဆိုပါတယ်။


အင်္ဂါနေ့ထုတ် ကြေးမုံမှာ တွေ့ရတဲ့ ကျေးဇူးတင်လွှာ

အမှုက Father Land ဆောက်လုပ်ရေးဌာနနဲ့ ဖြစ်နေတာပါ။
ဖြစ်စဉ်အကြောင်းကို ဧရာဝတီဘလော့မှာ ရေးခဲ့ပြီးပါပြီ။ http://blog.irrawaddy.org/2013/06/blog-post_9781.html မှာ ဖတ်နိုင်ပါတယ်။

လောလောဆယ်တော့ Father Land နဲ့ ဒေါ်ဝါ၀ါဝင်းရွှေတို့ရဲ့ ရှေ့နေများက သတင်းစာတွေကနေ ကြော်ငြာတွေ အကြိမ်ကြိမ် အပြန်အလှန် ထည့်သွင်းနေကြပါပြီ။

နှစ်ဘက်စလုံးက ဆုထူးပန် တာဝါ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ကျူးကျော်ဝင်ရောက်ခြင်း မပြုဖို့ ပြောနေကြပါတယ်။

ကျပ်သိန်းပေါင်း ၉,ဝဝဝ၊ အထင်ကရ ရုပ်ရှင်သရုပ်ဆောင်၊ မျက်နှာပြည့် သတင်းစာကြော်ငြာ၊ အောက်လမ်းနည်းသုံးပြီး စီရင်တယ်/မစီရင်ဘူး ...  စတဲ့ စတဲ့ အချက်တွေကြောင့် ဒီအမှုက ရန်ကုန်မှာ နာမည်ကြီးအမှု ဖြစ်နေပါတယ်။

ဒီလို အများစိတ်ဝင်စားနေကြချိန်မှာ အထက်ဖော်ပြပါ ကျေးဇူးတင်ကြောင်း ကြော်ငြာ ထွက်ပေါ်လာတာပါ။

အထက်မှာ တွေ့ရတဲ့ ဓာတ်ပုံကတော့ လူသူလေးပါး ကင်းရှင်းတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြင်ကွင်း ဖြစ်ပါတယ်။





.

No comments:

Post a Comment