Pages

Tuesday, July 30, 2013

အားကစား ဒုဝန်ကြီးအဖြစ် ဦးဇော်ဝင်းကို ခန့်အပ်

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့အတွင်း အခုတလော သိပ်မထူးခြားတဲ့ ဒုဝန်ကြီးရာထူးအပြောင်းအလဲတွေ လုပ်နေခဲ့ရာ အခု နောက်ဆုံး ဇူလိုင်လ ၂၉ ရက်နေ့စွဲနဲ့ အားကစား ၀န်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဦးဇော်ဝင်း ကို ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။ 

အမိန့်အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်မှာ ဖော်ပြထားတာကို ပြန်လည် ကူးယူဖော်ပြပေး လိုက်ပါတယ်။ 



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မရုံး
(အမိန့်အမှတ်၊ ၂၈/၂၀၁၃)
၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်
(၂၀၁၃ ခုနှစ်၊  ဇူလိုင်လ ၂၉ ရက်)
ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း



 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က) နှင့် ပုဒ်မခွဲ(ဃ) ၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၉) တို့ပါ ပြဌာန်း ချက်များအရ ဦးဇော်ဝင်းအား အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ် တာဝန် ပေးလိုက်သည်။







(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

No comments:

Post a Comment