Pages

Tuesday, July 2, 2013

စင်္ကာပူ ကော်ဖီဆိုင် ရန်ကုန်ကို နယ်ချဲ့ပြီ

ဗိုလ်ချုပ်အောင်ဆန်းဈေးရဲ့ ဘယ်ဘက်ခြမ်းမှာ ကော်ဖီဆိုင်တွေ အသစ်စက်စက် ပေါ်နေပါပြီ။

ဒီဆိုင် ၂ ခုကို ဈေးနဲ့ ကပ်လျက် ရှိနေတဲ့ FMI အဆောက်အအုံ အောက်ဆုံးထပ်မှာ တွေ့ရပါလိမ့်မယ်။


ဒီမနက် တွေ့ရတဲ့ Ya Kun ဆိုင်ရှေ့ မြင်ကွင်း။ ဗိုလ်ချုပ်ဈေးနဲ့ ကပ်လျက် ရှိနေတဲ့ ဆိုင်ပါ။ (ဓာတ်ပုံ - blogger Lay Wah)

အဲဒီထဲက တဆိုင်ကတော့ 
Ya Kun ဖြစ်ပါတယ်။ စင်္ကာပူကနေ လာဖွင့်တာ ဆိုပဲ။ 

လက်ဘက်ရည်/ကော်ဖီတခွက်ကို ကျပ် ၈ဝဝ၊ ၁,ဝဝဝ ကနေ ၂,၂ဝဝ အထိ ဈေးနှုန်းရှိပါတယ်။ အဲဒါက အပူဈေးပါ။

လက်ဘက်ရည်၊ ကော်ဖီ အအေး ဆိုရင်  အနည်းဆုံးဈေးက ၁,၄ဝဝ ဖြစ်ပါတယ်။
ရေတပုလင်း ၈ဝဝ လို့ ဆိုပါတယ်။ FMI အောက်ထပ်ကဆိုင်ဆိုတော့ ဒီလောက်တော့ ပေးရမှာပေါ့လေ။

ပေါင်မုန့်အသားညှပ်လိုမျိုးမုန့်တွေလည်း ရောင်းပါတယ်။
မလေး နဲ့ စလုံးရဲ့ အထိမ်းအမှတ် အစားအစာ ဖြစ်တဲ့ နာစီလီမာလည်း ရောင်းပါတယ်။ တပွဲ ၃,၇ဝဝ ဆိုတော့ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် လေးဒေါ်လာ ဆိုပါတော့။
နာစီလီမာ ဆိုတာက အုန်းထမင်းပါပဲ။  ကြက်သားချက်ဟင်း၊ ငါးလေးကြော်၊ ကြက်ဥပြုတ်၊ မြေပဲဆံကြော်၊ သခွားသီးတို့ ပုံပြီး ပေးပါလိမ့်မယ်။ (ဂလု)

ဒီမနက် ဆိုင်ထဲ ဝင်ခဲ့ပေမယ့်  မစားခဲ့ မသောက်ခဲ့ပါဘူး။ menu တရွက်ပဲ တောင်းခဲ့ပါတယ်။
အခု အဲဒီ menu ကြည့်ပြီး ဒါကို ရေးနေတာပါ။

စားဖြစ်ရင်လည်း ဒီဘလော့အတွက် ရေးဖို့ စားရပါတယ် ဆိုပြီး ဧရာဝတီရုံးမှာ ဘောက်ချာ ပြန်တင်ပြ/ငွေထုတ်လို့မှ မရး(

ကဲ ... ငိုချင်းချနေလို့ မဖြစ်သေးပါဘူး။
နိဂုံးချုပ်ပါ့မယ် ....
လေအေးစက်တပ်ထားတဲ့ ဒီဆိုင်က မိတ်ဆွေတွေ၊ စကားပြောရမယ့်သူတွေနဲ့ ချိန်းတွေ့လို့ ကောင်းတဲ့ပုံပါပဲ။
ဆေးလိပ်သောက်ချင်ရင်တော့ ဆိုင်ရှေ့က စားပွဲတွေမှာ ထိုင်နိုင်မှာပါ။

ရန်ကုန်မှာလည်း ဆေးလိပ်သောက်သုံးသူ အင်အား ကြီးမားတဲ့အတွက် သူတို့အတွက် နေရာ စီစဉ်ပေးတာ အင်မတန် သင့်လျော်ပါတယ်။ နေရာ သီးသန့် စီစဉ်မထားရင် ဆေးလိပ်ငွေ့ကို အားလုံး ဝိုင်းရှူရပါလိမ့်မယ်။
ဒီဆိုင်ဖွင့်တာ တလ ရှိသွားပါပြီ။
ဒီလထဲမှာ ရန်ကုန်ဆိုင်ခွဲတခု ထပ်ဖွင့်မယ်၊ နေရာက ဟံသာဝတီအဝိုင်းနားက ဂျန်းရှင်းစကွဲမှာ ဖြစ်ပါလိမ့်မယ် လို့ ဆိုင်ဝန်ထမ်းတွေက ဆိုပါတယ်။





.

No comments:

Post a Comment