Pages

Sunday, August 4, 2013

ရှစ်လေးလုံး ငွေရတု အခမ်းအနား အစီအစဉ်များ

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကို ၂ဝ၁၃ ခုနှစ် ၊ သြဂုတ်လ၊ ၆ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး အစီအစဉ် အသေးစိတ်နှင့် တက် 
ရောက် ဆွေးနွေး၊ ပြောကြားကြမည့် ပုဂ္ဂိုလ်များစာရင်းကို အများပြည်သူ သိရှိနိုင်ရန် ယနေ့( သြဂုတ်လ၊ ၃ ရက်)တွင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 


၂၀၁၃ ခုနှစ် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး ငွေရတုအထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲ
အခမ်းအနားအစီအစဉ်


၂၀၁၃ခုနှစ် သြဂုတ်လ (၆)ရက် (အဂါင်္နေ့) ပထမနေ့ အခမ်းအနားအစီအစဉ်
 

နံနက်(၈း၀၀)နာရီ မှစတင်၍ တက်ရောက်ခွင့် အမည်ကဒ်ပြားများ လက်မှတ်ထိုး ထုတ်ယူနိုင်ရန် စာရင်းပေးသွင်းခြင်း။
 

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုဆွေးနွေးပွဲ အခမ်းအနားအစီအစဉ်များကို ဖတ်ကြားခြင်း။
 

အခမ်းအနား အစီအစဉ် (၁) - ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုဆွေးနွေးပွဲ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာခြင်း။
 

အခမ်းအနား အစီအစဉ် (၂) - ရှစ်လေးလုံးသမိုင်းမှတ်တမ်း ဗီဒီယိုပြသခြင်း အစီအစဉ်။
 

အခမ်းအနား အစီအစဉ် (၃) - ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုဆွေးနွေးပွဲ အခမ်းအနား ကြိုဆိုနူတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားခြင်း။ (မင်းကိုနိုင်)
 

အခမ်းအနား အစီအစဉ် (၄) - ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခြင်း။ (ဌေးကြွယ်)
 

အခမ်းအနား အစီအစဉ် (၅) - ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ မှတ်တမ်းပြခန်းဖွင့်လှစ်ခြင်း အစီအစဉ်။ (ကြိုတင်ကြေညာပေးခြင်း)
 

နေ့လည် (၁၁)နာရီတွင် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခြင်း အစီအစဉ်။

နေ့လည်(၁၂း၀၀)နာရီတိတိမှစ၍ ပထမနေ့ ဒုတိယပိုင်း အစီအစဉ် ပြန်လည်စတင်ခြင်း။
 

ဆွေးနွေးပွဲ အစီအစဉ် (၁) - ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုဆွေးနွေးပွဲ တွင် အောက်ပါ 
ခေါင်းစဉ်(၆)ခုအား ဆွေးနွေးခြင်း။

(၁) အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသားရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖော်ဆောင်ရေး လုပ်ငန်းစဉ်၊
(၂) လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မူ
(၃) အနာဂတ်ပြည်ထောင်စု၊
(၄) စစ်မှန်သောအမျိုးသား ပြန်လည်သင့်မြတ်ရေး၊
(၅) မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီအင်အားစုများ၏ အခန်းကဏ္ဍ၊
(၆) တိုင်းပြည်ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး။

ဖော်ပြပါ ခေါင်းစဉ်(၆)ခုကို ပေါင်းစပ်၍ နေရာ(၄)ခုခွဲ၍ ရှင်းလင်းပြောကြားပေးခြင်းနှင့် သတ်မှတ်နေရာ (အခန်း)အသီးသီးသို့ တက်ရောက်လာကြသော ပုဂ္ဂိုလ်များအား၊ ၎င်းတို့ စိတ်ဝင်စားရာခေါင်းစဉ်များ အပေါ်မူတည်၍ နေရာချထားပေးခြင်း အစီအစဉ်။

တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် အနာဂတ်ပြည်ထောင်စု ဦးဆောင်ဆွေးနွေး မည့် ပုဂ္ဂိုလ် များမှာ - ဆရာဖေမြင့်၊ ခွန်မြင့်ထွန်း၊ ကိုအောင်မိုးဇော်၊ မခေါန်ဂျာ၊ ဆလိုင်းလျှံမုန်း။
အကျိုးဆောင်များမှာ - ကိုသားကြီး၊ မသင်းသင်းအောင်၊ ကိုကျော်စွာဆွေ၊ ကိုရဲအောင်။


လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုဦးဆောင်ဆွေးနွေးမည့် ပုဂ္ဂိုလ် များမှာ - ကိုအောင်မျိုးမင်း၊ ကိုမြင့်အေး(HRDP)၊ စောမြရာဇာလင်း၊ ကိုမော်လင်း။
အကျိုးဆောင်များမှာ - ကိုအောင်မျိုးမင်း၊ ကိုအောင်ဇော်ထွေး၊ ကိုခင်မောင်ဝင်း၊ မသက်သက်အောင်။

စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေး ဦးဆောင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များ မှာ - UNA ကိုယ်စားလှယ် ဦးအေးသာအောင်၊ ကိုကိုကြီး(၈၈)၊ ကိုသံခဲ(ABSDF) ၊ ဦးဌေးသိန်း ၊ ဒေါ်ခင်မမမျိုး။
အကျိုးဆောင်များမှာ - စောသန်းလှိုင်၊ မနိုးနိုးထက်စံ၊ ကိုလှိုင်မြတ်။

တိုင်းပြည်ပြန်လည် တည်ဆောက်ရေးနှင့် ဒီမိုကရေစီအင်အားစုများ၏ အခန်းကဏ္ဍ ဦးဆောင်ဆွေးနွေး မည့် ပုဂ္ဂိုလ်များမှာ - ဆရာဦးမြင့်၊ ဒေါက်တာရန်မျိုးသိန်း၊ မခင်ဥမ္မာ၊ Dr. ရင်ရင်နွယ်၊ ဦးရွှေစင်ထွန်း။
အကျိုးဆောင်များမှာ - Dr. ကျော်သူ၊ ဇော်ဇော်ထွန်း၊ ကိုမြတ်စံ ၊ မနန်းစော ၊ ကိုလှမျိုးနောင်။

နေ့လည်(၃း၃၀)နာရီတွင် နေ့လည်စာ ကော်ဖီဖြင့် တည်ခင်းဧည့်ခံခြင်း။
 

နေ့လည်(၄း၀၀)နာရီတွင် ဆွေးနွေးပွဲ အစီအစဉ်(၂) ပထမနေ့ ဒုတိယပိုင်း ပြန်လည်စတင် ဆွေးနွေးခြင်း။
ညနေ(၅း၃၀)နာရီ - ပထမနေ့ အစီအစဉ် ပြီးဆုံးခြင်း။
 

၂၀၁၃ခုနှစ် သြဂုတ်လ (၇)ရက် (ဗုဒ္ဓဟူး) ဒုတိယနေ့ အခမ်းအနားအစီအစဉ်


ဆွေးနွေးပွဲ အစီအစဉ် (၁) - နံနက်(၈း၀၀)နာရီတွင် ဒုတိယနေ့ ပထမပိုင်း ပြန်လည်စတင် ဆွေးနွေးခြင်း။
 

နံနက်(၁၀း၃၀)နာရီတွင် နံနက်စာ ကော်ဖီဖြင့် တည်ခင်းဧည့်ခံခြင်း။
 

ဆွေးနွေးပွဲ အစီအစဉ် (၂) - နေ့လည်(၁၁း၀၀)နာရီတွင် ဒုတိယနေ့ ပထမပိုင်း ဆက်လက် ဆွေးနွေးခြင်း။
နေ့လည်(၁၂း၃၀)နာရီ မှ (၁း၃၀)နာရီ - နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်း။
 

ဆွေးနွေးပွဲ အစီအစဉ် (၃) - နေ့လည်(၁း၃၀)နာရီ မှ (၄း၀၀)နာရီ - ဆွေးနွေးချက်များအား အဆုံး သတ် ဆွေးနွေး အတည်ပြု မှတ်တမ်းရယူခြင်း။
 

နေ့လည်(၄း၀၀)နာရီ မှ (၄း၃၀)နာရီ - နေ့လည်စာ ကော်ဖီဖြင့် တည်ခင်းဧည့်ခံခြင်း။
 

ဆွေးနွေးပွဲ အစီအစဉ် (၄) - ညနေ(၄း၃၀)နာရီ မှ (၅း၃၀)နာရီ - ဒုတိယနေ့ ဒုတိယပိုင်း ဆက်လက်၍ ဆွေးနွေးချက်များ အပြီးသတ်ထုတ်ယူ အတည်ပြုခြင်း။
ညနေ (၅း၃၀)နာရီ တွင် ဒုတိယနေ့ ညနေပိုင်း ဆွေးနွေးပွဲ ပြီးဆုံးခြင်း။
 


၂၀၁၃ခုနှစ် သြဂုတ်လ (၈)ရက် (ကြာသပတေး) တတိယနေ့ အခမ်းအနားအစီအစဉ်

နံနက် (၁၁)နာရီတွင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးနှင့် တိုက်ပွဲဝင်ကာလတစ်လျှောက် ကျဆုံးသွားသော သူရဲကောင်းများအား ရည်စူး၍ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း။
နေ့လည် (၁၂)နာရီတွင် ရှစ်လေးလုံး(၂၅)နှစ်မြောက် ငွေရတု အထိမ်းအမှတ်နေ့ အခမ်းအနား တက်ရောက် လာသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်း။

နေ့လည် (၁)နာရီတိတိတွင် ရှစ်လေးလုံး(၂၅)နှစ်မြောက် ငွေရတု အထိမ်းအမှတ်နေ့ အခမ်းအနား အစီအစဉ်များကို ဖတ်ကြားခြင်း။
 


အခမ်းအနား အစီအစဉ် (၁) – ရှစ်လေးလုံး(၂၅)နှစ်မြောက် ငွေရတုအခမ်းအနား စတင်ဖွင့် လှစ်ကြောင်း 
ကြေညာခြင်း။
 

အခမ်းအနား အစီအစဉ် (၂) - ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးနှင့် တိုက်ပွဲဝင်ကာလတစ်လျှောက် ကျဆုံးသွားသော သူရဲကောင်းများအား အလေးပြုဦးညွှတ်ခြင်း။
 

အခမ်းအနား အစီအစဉ် (၃) - ရှစ်လေးလုံး ငွေရတုဂုဏ်ပြုပွဲ ကြိုဆိုနူတ်ခွန်းဆက် စကားပြောကြားခြင်း။ (မင်းကိုနိုင်)
 

အခမ်းအနား အစီအစဉ် (၄) - ရှစ်လေးလုံး ငွေရတုအခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသည့် သ၀ဏ်လွှာများအား ဖတ်ကြားခြင်း။ (ကျောင်းသားလူငယ်များ)
 

အခမ်းအနား အစီအစဉ် (၅) - ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံငွေရတု အခမ်းအနား ဂုဏ်ပြု မိန့်ခွန်း ပြောကြားခြင်း။ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်) (UNA မှ ဦးခွန်ထွန်းဦး) (UNFC မှ ကိုယ်စားလှယ်တစ်ဦး)
 

အခမ်းအနား အစီအစဉ် (၆) - ရှစ်လေးလုံး ဒီမိုကရေစီပြည်သူ့အရေးတော်ပုံ (၂၅)နှစ်မြောက် ငွေရတု
ဆွေးနွေးပွဲမှ ထွက်ပေါ် လာသည့် နိုင်ငံရေးရလဒ် အဆိုများကို အတည်ပြု မှတ်တမ်းတင် ထုတ်ပြန်
ကြေညာခြင်း။ (မင်းဇေယျ)
 

အခမ်းအနား အစီအစဉ် (၇) - ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံဖော်ကျူးတင်ဆက်ခြင်းအစီအစဉ်။ (မင်းကိုနိုင်နှင့်ကျောင်းသားလူငယ်များ)
 

အခမ်းအနား အစီအစဉ် (၈) - ရှစ်လေးလုံး ငွေရတုအခမ်းအနား နောက်ဆုံးနေ့ အောင်မြင်စွာပြီးဆုံး
ကြောင်း နှုတ်ဆက်မိန့်ခွန်းနှင့် အခမ်းအနား ပိတ်သိမ်းခြင်း။(ကိုကိုကြီး)

8888 silver jubilee


 

စာမျက်နှာမှ ထုတ်ပြန်မှုကို ဧရာဝတီက ပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်။

4 comments:

  1. မှေးမှိန်အောင်လုပ်တာတို.ကျော်ကြားအောင်လုပ်တာတို.ဆိုတာတွေဟာနိင်ငံရေးသမားတွေရဲ. လက်သုံးစကားပါ ၊ ( ၁၉၈၈ ) အရေးအခင်းဟာ၊ ဘယ်သူတွေကိုအကျိုး အမြတ်တွေရစေခဲ. တယ်ဆိုတာ သာမန်ပြည်သူတွေ သိပါတယ် ၊

    ဒီအရေးအခင်းကို ခုတုံးလုပ်ပြီး နိင်ငံရေးစင်မြင်.ပေါ်ကိုရောက်လာတဲ.သူတွေရှိခဲ.သလို ၊ တိုင်းပြည်အုပ်ချုပ်ရေးအာဏာကို ၊ အဓိပတိ ဦးနေ၀င်းဆီကနေ စစ်တပ် ဆီကို လွှဲပြောင်းရယူ နိင်လောက်တဲ.အခြေအနေတခုကိုလည်း ဖန်တီးပေးနိင်ခဲ.တယ်

    တကယ်တန်း အမျိုးသားရေးအမြင်ဘဲဆိုရင် ဒီအရေးအခင်းကိုစခဲ.တဲ. ၊ ဒီအရေးအခင်းမှာ စတေးခဲ.တဲ. ကျောင်းသားကျောင်းသူတွေ နဲ.ပြည်သူလူထု တွေ ဘာမှအကျိုးအမြတ် မရခဲ.တဲ.အပြင် ၊
    အခုဆိုရင် “ သူခိုး ကလူလိုဟစ်ပြီး “ ကျွန်တော်တို.ကိုကျေးဇူးမတင်ပဲ ၊ ကျွန်တော်တို.ကြောင်. သူတိုးနိင်ငံရေးစင်မြင်.ပေါ် မှာနေရာရခဲ.တာကိုမေ.ပြီး ၊ ဟိုဟာကိုနမူနာယူပါ ဒီဟာကိုနမူနာယူပါဆိုပြီး
    အာဏာရူးနိင်ငံရေးသမာခေါင်းဆောင် တချို.ပြောနေတာတွေကိုကြည်.ရင် တော်တော်ရင်နာဖို.ကောင်တယ် ဆိုတာ ( ၈၈၈၈ ) နဲ.ပတ်သက်တဲ. ကျောင်းသားကျောင်းသူတွေ အနေနဲ. နမူနာပြန်ယူကြဖို. အကြံပြုချင်ပါတယ် ။

    ReplyDelete
    Replies
    1. မင်းက ဘာတွေလုပ်ပေးနိုင်ခဲ့လို့လည်း အပေါ်ကတစ်ယောက် ခုထိ စစ်ကျွန်လုပ်ပြီး တိုင်းပြည်ဖျတ်ဖို့ပဲ မင်းဦးနောက်ထဲမှာ အဆိုးမြင်စိတ်တွေရှိနေတာမဟုတ်လား ဒါကမင်းတာဝန်လား အပြစ်ကြီးတယ်ဆိုတာတော့သိပါတယ်နော်

      Delete
  2. အပေါ်က ဒုတိယကောင်က အင်တာနက်မှာအထိ သူများ comment ရေးတာကို ဖတ်ပြီး တိုက်ခိုက်ဖို. စိတ်ဓါတ်ဝင်နေတုံးပဲ ၊ သေချာပါတယ် ဒီကောင် NLD ပါတီဝင်ပဲဖြစ်မှာပါ ၊ဘာမှတိုင်ပြည်နဲ.လူမျိုးအတွက် ကောင်းအောင် ပါဝင်ကူညီဆောင်ရွှက်မယ်မရှိဘူး ၊ အားနေရင် လွန်ခဲ.တဲ.ဖြစ်ရပ်တွေကိုပြောမယ် ၊ အပြစ်တင်မယ် ၊ ဒါပဲတွေးနေ ...ကောင်းတယ် ။

    ReplyDelete
  3. အပေါ်က ဒုတိယကောင်က အင်တာနက်မှာအထိ သူများ comment ရေးတာကို ဖတ်ပြီး တိုက်ခိုက်ဖို. စိတ်ဓါတ်ဝင်နေတုံးပဲ ၊ သေချာပါတယ် ဒီကောင် NLD ပါတီဝင်ပဲဖြစ်မှာပါ ၊ဘာမှတိုင်ပြည်နဲ.လူမျိုးအတွက် ကောင်းအောင် ပါဝင်ကူညီဆောင်ရွှက်မယ်မရှိဘူး ၊ အားနေရင် လွန်ခဲ.တဲ.ဖြစ်ရပ်တွေကိုပြောမယ် ၊ အပြစ်တင်မယ် ၊ ဒါပဲတွေးနေ ...ကောင်းတယ် ။

    ReplyDelete