Pages

Friday, September 27, 2013

မြန်မာနဲ့ မြောက်ကိုးရီးယား စစ်ရေး ဆက်ဆံနေဆဲဟု ဆို

မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ စစ်ရေးဆက်ဆံရေး ယခုထိ ရှိနေသေးပါတယ်တဲ့။ 

 မြောက်ကိုရီးယားနဲ့ လက်နက်ကုန်သွယ်မှု ဖြတ်တောက်လိုက်ပြီလို့ ပြောခဲ့ပေမယ့် မြန်မာနိုင်ငံဟာ အခုထိ စစ်ဘက် ဆက်ဆံရေး တိတ်တဆိတ် ရှိသေးတယ်ဆိုပြီး NK News investigation က ဖော်ထုတ်တွေ့ရှိ တယ် လို့  သတင်း တပုဒ်မှာ တွေ့ရပါတယ်။ 

ဗိုလ်ချုပ်ကြီး သူရ ဦးရွှေမန်း၊ ဗိုလ်ချုပ် သိန်းဌေးတို့ မြောက် ကိုးရီးယား ခေါင်းဆောင်များနှင့်တွေ့ဆုံနေပုံ၊ 
ဓာတ်ပုံ- NK News Investigation.org

၂ နိုင်ငံ လျှို့ဝှက်ဆက်ဆံရေး ဆက်လက်ရှိနေတာကို အများမသိနိုင်တဲ့ နည်းလမ်းတွေ အသုံးပြုထားတယ် ဆိုပြီး အဲဒီသတင်း ရေးသားသူ ဆွီဒင် သတင်းစာဆရာ၊ မြန်မာ့အရေး ပင်တိုင်ရေးသားတင်ပြလေ့ရှိသူ ဘာတေးလစ်တနာက ရေးပြထားပါတယ်။ 

မြောက်ကိုရီးယား ကုမ္ပဏီတွေဟာ မြန်မာရေပိုင်နက်အတွင်း မောင်နှင် သွားလာချိန်မှာ မြောက် ကိုးရီးယား
နိုင်ငံပိုင် အလံ ကို အသုံးမပြုပဲ ဖုံးကွယ်ထားလေ့ရှိတယ်လို့ အဆိုပါက သတင်းက ဆိုပါတယ်။ 

တရားဝင်အားဖြင့် မြန်မာ- မြောက်ကိုးရီးယား နိုင်ငံတို့ဟာ သံတမန် ဆက်ဆံရေးလည်း ယခု ပြန် ရှိနေကြ ပါပြီ။ 

မြန်မာနိုင်ငံဟာ ဆယ်စု နှစ်များစွာ စစ်အာဏာရှင်အုပ်ချုပ်ခံခဲ့ရပြီး မြောက်ကိုးရီးယားရဲ့ အဓိက လက်နက် ၀ယ်ယူသူ ဖောက်သည်များထဲ က တခုဖြစ်နေပါတယ်တဲ့။ 

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး တံခါး ဖွင့်ရန် အမေရိကန် ပြည်ထောင်စုက လည်း အားစိုက်ဆောင်ရွက်နေတယ်လို့လည်း သူက ဆိုထားပါတယ်။ 

တကယ်ပဲ မြန်မာနဲ့ မြောက်ကိုးရီးယား ၂ နိုင်ငံ စစ်ရေး ဆက်ဆံရေး ဆက်ပြီး ရှိ၊ မရှိ ဆိုတာကတော့ ကာယကံရှင်တွေက ပိုသိကြမယ် ထင်ပါတယ်။  

အိမ့်သံစဉ် ~

No comments:

Post a Comment