Pages

Tuesday, September 17, 2013

ဒေါ်အောင်ဆန်းစုကြည်နဲ့ ချက်သမ္မတ သီးခြား တွေ့ဆုံ

ချက်သမ္မတနိုင်ငံ ပရက်မြို့မှာ ကျင်းပနေတဲ့ Forum 2000 ညီလာခံ တက်ရောက်ဖို့ ရောက်နေ တဲ့ နိုဗဲလ် 
ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ချက်သမ္မတ မစ္စတာ Milos Zeman တို့ဟာ မနေ့က ပရက်မြို့ ရဲတိုက်ကြီးမှာ ရှိတဲ့ သမ္မတ နန်းတော်မှာ နာရီဝက်ကြာ တွေ့ဆုံ စကားပြောကြားခဲ့ပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်နှင့် ချက်သမ္မတ Milos Zeman၊ ဓာတ်ပုံ- ceskenoviny.cz

အခုလို ချက်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံမှုဟာ သီးခြားတွေ့ဆုံကြတာဖြစ်ပြီး ဆွေးနွေးမှု အသေးစိပ်ကို မသိရပါဘူး။ 

အဲဒီနောက် ချက် နိုင်ငံခြားရေး ၀န်ကြီးနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြပါသေးတယ်။
ချက်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုကို ချက်နိုင်ငံသတင်းတွေမှာ ဖော်ပြတဲ့ ရုပ်သံပြကွက် တခုကတော့ အခုလို ဖော်ပြသွားပါတယ်။ 




အိမ့်သံစဉ် ~

ဆက်စပ်သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ချက်သမ္မတ တွေ့ဆုံဆွေးနွေး

No comments:

Post a Comment