Pages

Monday, September 23, 2013

ရန်ကုန် မြို့တော်ခန်းမရှေ့က ဟုန်ရှင်း အလုပ်သမား သပိတ်

ဟုန်ရှင်းအအေးခန်းစက်ရုံက အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေဟာ မနေ့ညက ရန်ကုန်မြို့ ဆူးလေ ဘုရားအနီး မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒဖော်ထုတ်နေကြပါတယ်။ 

မြို့တော်ခန်းမရှေ့ ဟုန်ရှင်း အအေးခန်း အလုပ်သမားများရဲ့ သပိတ်စခန်းဖွင့်ကာဆန္ဒဖော်ထုတ်နေသည် ကို စက်တင်ဘာ ၂၃ရက် နံနက်၁နာရီခန့်ကတွေ့ရစဉ် ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ 

မနေ့ညပိုင်းကလည်း ၈၈ မျိုးဆက်ကျောင်းသားတချို့၊ တက်ကြွလှုပ်ရှားသူတချို့အပြင် ရုပ်ရှင် လောက သားတွေဖြစ်တဲ့ ဦးဇင်ဝိုင်း၊ ၀ိုင်း စတဲ့သူတွေကလည်း အကြမ်းဖက်ဖြိုခွဲမှာ စိုးရိမ်လို့ လာရောက်အားပေး စကားပြောကြပါတယ်။ 

ဟုန်ရှင်းအအေးခန်း အလုပ်သမားတွေဟာ စက်ရုံပိုင်ရှင်က သူတို့ကို အလုပ်က ထုတ်ပယ်ခဲ့တဲ့ အတွက် အလုပ်သမား နစ်နာချက်တွေအပေါ် မကျေနပ်လို့ အခုလို ဆန္ဒပြနေကြတာဖြစ်ပြီး မနေ့ညကတည်းက စက်ရုံပိုင်ရှင်ကလည်း လာရောက်ဖြေရှင်းခြင်း မရှိသေးလို့ ဆက်လက်ဆန္ဒပြနေတာ ဖြစ်ပါတယ်။ 

ဒီကနေ့ မနက်ပိုင်းမှာတော့ စေတနာရှင်တွေက သပိတ်မှောက် အလုပ်သမားတွေကို မနက်စာလှူဒါန်း မှုတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။ 

ဒီနေ့ မနက် ၁ နာရီကျော်လောက်က သပိတ်မှောက် ဟုတ်ရှင်း အလုပ်သမားတွေကို ဧရာဝတီက ဓာတ်ပုံ သတင်းထောက် ဂျေပိုင်က သွားရောက်မှတ်တမ်းတင်ထားတဲ့ မြင်ကွင်းတချို့ ဖော်ပြပေးလိုက်ပါတယ်။ 







No comments:

Post a Comment