Pages

Friday, September 6, 2013

စနစ်တကျ ဘောလုံး ကစားကြမယ်ဆိုရင်

ဘောလုံးကစားတာဟာ ကမ္ဘာတလွှားက စိတ်ဝင်စားမှုတွေ ရှိသလို မြန်မာနိုင်ငံက စိတ်ဝင်စားမှုကလည်း နောက်မကျပါဘူး။ မြန်မာ့ဘောလုံး အဆင့်အတန်းဟာ ကမ္ဘာ့အဆင့်အတန်း မီဖို့တာ့ အတော်ကြိုးစား ယူကြရအုံးမယ်လို့ ထောက်ပြသူတွေ များပါတယ်။ 


ဘောလုံးကစားခြင်းဟာ အနုပညာတရပ်လို့လည်း ပြောလို့ရသလို ကျန်းမာရေးအတွက်လည်း ကောင်း 
တယ်ဆိုတာ အားလုံး သိပြီးသားပါ။

မြန်မာနိုင်ငံမှာက ဘောလုံးနဲ့ပတ်သက်တဲ့ သင်တန်းကျောင်း၊ ကောလိပ်ဆိုတာ မရှိသလို မြန်မာ့ဘောလုံး အားကစားသမားတွေဟာ ငယ်ရွယ်စဉ်က လက်ဆင့်ကမ်းသင်ကြားလေ့ကျင့်မှုတွေနဲ့ပဲ ဘောလုံးသမားဖြစ် လာခဲ့ကြရတာပါ။ 

ဒါကြောင့်ပဲ ဘောလုံး အားကစားနဲ့ပတ်သက်တဲ့ စနစ်တကျ မြေတောင်မြှောက်ပေးဖို့ မြန်မာနိုင်ငံ က အများကြီး လိုအပ်နေသေးတယ်လို့လည်း ဝေဖန်ထောက်ပြသူတွေ ရှိနေကြတာပါ။

နိုင်ငံတကာမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ဘောလုံး အကယ်ဒမီကျောင်းတွေ၊ ကောလိပ်တွေ၊ သင်တန်း
ကျောင်းတွေနဲ့  ဘောလုံး ဘယ်လို ကစားရတယ်ဆိုတာ စနစ်တကျ လေ့ကျင့်သင်ယူကြရတာပါ။ သီအိုရီ အပိုင်း၊ လက်တွေ့ပိုင်း၊ တီထွင်မှုအပိုင်း ဆိုတာတွေနဲ့ အတူ သူတို့ရဲ့ ဘောလုံးစွမ်းရည်တွေကို မြှင့်တင်ကြ ပါတယ်။ 

ဒီနေရာမှာ ဘောလုံး ကျွမ်းကျင်မှု သင်တန်းကျောင်း တခုက အခြေခံ ဘောလုံး ကစားခြင်း အတတ်ပညာ ကို အခုလို မိတ်ဆက်ထားပါတယ်။

မြန်မာ့ဘောလုံးသမားကောင်းတွေ များများ ပေါ်ထွက်လာဖို့ မြန်မာနိုင်ငံမှာလည်း ဘောလုံး သင်တန်းကျောင်း တကျောင်းတော့ အနည်းဆုံး ရှိသင့်ပါတယ်။ 

  

အိမ့်သံစဉ်~

No comments:

Post a Comment