Pages

Tuesday, September 10, 2013

အာဏာ မရှိ၊ သြဇာရှိသူတွေက ဘယ်သူတွေလဲ


နော်ဝေနိုင်ငံကို လေ့လာရေး ခရီးရောက်နေကြတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) က ကိုယ်စားလှယ်တွေနဲ့ နော်ဝေရောက် မြန်မာမိသားစုတွေ တွေ့ကြတဲ့ပွဲ တခု ပါ။


အဲဒီပွဲမှာ နော်ဝေ နိုင်ငံရောက် ၈၈ မျိုးဆက် တဦးဖြစ်တဲ့ ကိုမြင့်အေးက မြန်မာနိုင်ငံက ၈၈ မျိုးဆက်
ကျောင်းသားတွေအပေါ် အပြုသဘော ဝေဖန်တဲ့ နော်ဝေ နိုင်ငံက ကိုညို တင်ထားတဲ့ ဗီဒီယို ကလစ်ပါ။

သူက ၈၈ မျိုးဆက်ကျောင်းသား တွေကို "ခင်ဗျားတို့ဟာ အာဏာရှိသူတွေမဟုတ်ပေမဲ့ သြဇာ ရှိသူတွေပါ၊ ဒါပေမဲ့ မိမိသြဇာကို စနစ်တကျသုံးဖို့ အားနည်းနေတယ်" လို့ မိတ်ဖက် ဝေဖန်ထောက်ပြမှု လုပ်ခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေကလည်း ပြုံးပြုံး ရွှင်ရွှင်နဲ့ သူ့ရဲ့ ဝေဖန်ထောက်ပြမှုကို လက်ခံကြတာ တွေ့ရ ပါတယ်။ 

ဒီမိုကရေစီရဲ့ အနှစ်သာရကို လက်တွေ့ ဖော်ဆောင်နေကြတာ မြင်ရတဲ့ ကြည်နူးစရာ မြင်ကွင်း တခုပါ။

စာရှုသူတွေလည်း ကိုမြင့်အေးက ဘယ်လို ဝေဖန်ထောက်ပြ အကြံပြု သွားတယ်ဆိုတာ အသေးစိပ် သိနိုင်ဖို့  ဧရာဝတီက ပြန်လည် မျှဝေပါတယ်။

  




အိမ့်သံစဉ် ~

No comments:

Post a Comment