အမေရိကန် အိမ်မက်မက်နေသူတွေ အတွက် မကြာမီမှာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင် ခွင့် DV ဖောင် တွေကို လျှောက်လို့ရနေပါပြီတဲ့။
အခုဆိုရင် အမေရိကန် DV Form လျှောက်မယ့်သူတွေအတွက် ၁၀ တန်းအောင်ပြီးသူတွေအတွက် ပိုမို
လျှောက်ထားသင့်တယ်လို့ ရန်ကုန် အမေရိကန်သံရုံးက ကောင်စစ်ဝန်က စက်တင်ဘာလ ၂၇ ရက်နေ့ က ပြောခဲ့ပါတယ်။
DV လျှောက်မယ့်သူတွေအနေနဲ့ ရန်ကုန် အမေရိကန်သံရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတာမို့ အလွယ်တကူ လေ့လာလို့ရတာကြောင့် လာမယ့် ၂၀၁၅ ခုနှစ် DV Form အကြောင်း သေချာ သိနိုင်ပါ တယ် တဲ့။
DV လျှောက်ထားချင်သူတွေအနေနဲ့ ၁၀ တန်း အောင်သူတွေသာမက အမေရိကန်မှာ အလုပ်လုပ်ဖို့ အတွက် အရည်အချင်း ကိုက်ညီသူတွေကလည်း လျှောက်ထားသင့်တယ်လို့ အမေရိကန် ကောင်စစ်ဝန် က ပြောခဲ့ပါတယ်။
DV Form လျှောက်ထားသူတွေဟာ ကံစမ်းမဲ ပေါက်ခဲ့မယ်ဆိုရင် လာမယ့် နှစ်မှာ အင်တာဗျူး ဖြေကြရမှာ
ဖြစ်ပြီး ဆေးစစ်တာနဲ့ အခြား ကုန်ကျစရိတ်တွေအတွက် အမေရိကန် ဒေါ်လာ ၅၀၀ ကုန်ကျမယ်လို့ ဆိုပါတယ်။
အသေးစိပ်သိလိုပြီး အမေရိကန် အိပ်မက်မက်နေသူတွေအနေနဲ့ ဒီ လိပ်စာကို သွားပြီး လေ့လာကြည့် ကြပါ။
DV Form အကြောင်း ဒီနေရာမှာလည်း အသေးစိပ် ဖော်ပြထားပါတယ်။ လျှောက်ထားသူတွေအနေနဲ့ ကံစမ်းမဲ ပေါက်တယ်ဆိုရင်တော့ ဒီနေရာကို သွားပြီး လေ့လာနိုင်ပါတယ်။

i am dv2014 wnner.
ReplyDeletehow to contact each other who are winner in myanmar.