Pages

Thursday, September 12, 2013

အိပ်မက်ဆုံရာ နောက်ဆုံးအဆင့်အတွက် ရင်ခုန်ရက် နီးလာ

အိပ်မက်ဆုံရာ Season 6 Grand Final ကိုလာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာ အမျိုးသား ကဇာတ်ရုံကြီးမှာ ကျင်းပမှာဖြစ်ပါတယ်။ အိမ်မက်ဆုံရာ ဂီတ ပြိုင်ပွဲ အစီစဉ်ကတော့ Forever Group  နဲ့ Channel 7 တို့ ပူးပေါင်းတင်ဆက် ပေးနေတဲ့ အစီစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ 


အိပ်မက်ဆုံရာ Season 6 ပြိုင်ပွဲဝင်တွေ၊ ဓာတ်ပုံ- Channel 7 

ယခုဆိုရင် ကျင်းပလာတာ ပွဲစဉ် ၆ ပွဲထိ ကျင်းပလာနိုင်ခဲ့ပြီး တေးသံရှင် အသစ်လေးတွေ  ကိုလည်း   
မွေးထုတ် ပေးနေတဲ့ အစီစဉ်တစ်ခုဖြစ်ပါတယ်။ 


Final ပွဲနီးကပ်လာတာနဲ့ အမျှ ပရိသတ် စိတ်ဝင်စားမှု ပိုမိုများပြားလာသလို ပြိုင်ပွဲဝင် ၉ ယောက်ကလည်း အသေးစိတ် ပြင်ဆင်နေကြတာကို မြန်မာ ရုပ်သံလိုင်းဖြစ်တဲ့ channel 7 က ထုတ်လွှင့် ပြသနေတာတွေကိုလည်း  ကြည့်မြင် ကြရမှာဖြစ်ပါတယ်။ 

အိမ်မက်ဆုံရာပြိုင်ပွဲအစီစဉ်ကတော့ အမေရိကန် Idool အစီစဉ်နဲ့ တူညီမှုရှိပါတယ်။

လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပမယ့် နောက်ဆုံးပြိုင်ပွဲမှာတော့ ဒိုင်တွေဖြစ်တဲ့     
တေးရေး  မြင့်မိုးအောင်၊ တေးသံရှင် စည်သူလွင်၊ ရေဗက္ကာဝင်းတို့ တိကျ မှန်ကန်တဲ့ အမှတ်ပေးမှုတွေနဲ့ ဆုံးဖြတ်ပေးကြမှာလဲ ဖြစ်ပါတယ်။    

နောက်ဆုံးပြိုင်ပွဲမှာ ဖျော်ဖြေတင်ဆက်မှု အပိုင်းမှာလည်း  တေးသံရှင် စည်သူလွင်နဲ့ ရေဗက္ကာဝင်း တို့က  ပြိုင်ပွဲဝင် ၉ ဦးနဲ့အတူ သီဆိုဖျော်ဖြေကြမှာလဲ ဖြစ်တယ်လို့ Channel 7 က ပြောပါတယ်။

တီးခတ်ဖျော်ဖြေပေးမယ် တီးဝိုင်းကတော့ Ugly Ban အဖွဲ့က တီးခတ်ပေးသွားမှာလဲဖြစ်ပါတယ်။ 

စတင်ယှဉ်ပြိုင်စဉ်ကနဲ့ မတူပဲ Grand Final ပြိုင်ပွဲမှာ အမှားအယွင်းမရှိပဲ သီဆိုယှဉ်ပြိုင်နိုင်အောင် ဆရာတွေဖြစ်တဲ့ ဆရာ ခိုင်မြဲသာ နှင့် performance လေ့ကျင့် သင်ကြားပေးနေ တာကတော့ မမြရွှေဝါနဲ့ ကိုဌေးမင်းထွန်းတို့က ကြီးကြပ် သင်ကြားပေးနေတာဖြစ်ပါတယ်။

လေ့ကျင့် သင်ကြားပေးမှုတွေနဲ့ အတူ ပြိုင်ပွဲဝင်တွေကလည်း ဂရုတစိုက် ကြိုးစားနေကြတာကြောင့် Final ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင် ပြိုင်ပွဲဝင်ကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

အိမ်မက်ဆုံရာ ပွဲစဉ်ကို ကြည့်ရှုသူတွေကို သတင်းကောင်းပါးဖို့ Channel 7 ရောင်းချမယ့် လက်မှတ် တန်ဖိုးတွေကတော့ ကျပ် ၅၀၀၀၊ ၃၀၀၀ တို့ရောင်းချပေးနေပါတယ်တဲ့။ 



အိမ့်သံစဉ် ~


No comments:

Post a Comment