Pages

Sunday, September 29, 2013

ပြုပြင်ပြောင်းလဲရေး အောက်ခြေထိ သက်ရောက်စေဖို့ ကော်မတီ ၂၆ ခု ဖွဲ့

ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်၊ တိုင်း ဒေသကြီး အစိုးရတွေကြား ညှိနှိုင်းဆောင်ရွက်ရာမှာ အရင်ကထက် ပိုမို ထိရောက်တဲ့ ပုံစံတွေ ရှိဖို့ ဒု ၀န်ကြီး ၂၃ ဦးပါဝင်တဲ့ ကော်မတီပေါင်း ၂၆ ခုကို သမ္မတ ဦးသိန်းစိန် က တာဝန်တွေ ပေးလိုက်ပါတယ်။ 

 ဒုဝန်ကြီးများကို သမ္မတ ခေါ်ယူတွေ့ဆုံ စည်းဝေးပြီး တာဝန်ပေးနေစဉ်၊ ဓာတ်ပုံ- သမ္မတရုံးဝက်ဆိုက်

အဆိုပါ ၀န်ကြီး ၂၃ ဦးဟာ ပြည်ထောင်စုအစိုးရရဲ့ ဆပ်ကော်မတီ အသီးသီးရဲ့ ဥက္ကဋ္ဌတွေ လည်းဖြစ်ပြီး စင်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက သမ္မတ က နေပြည်တော် သမ္မတရုံးမှာ ခေါ်ယူတွေ့ဆုံပြီး အခုလို ကော်မတီ ၂၆ ခုမှာ တာဝန်တွေ ပေးအပ်လိုက်တာဖြစ်ပါတယ်။ 

အခုလို အထူးတာဝန်တွေ အပ်နှင်းလိုက်တာဟာ အောက်ခြေအဆင့်ထိ ကွင်းဆင်းဆောင်ရွက်မှုတွေ ပီပြင်စေ ဖို့ နဲ့ ပြုပြင်ပြောင်းလဲရေး သရုပ်ပီပြင်ဖို့ ဖြစ်တယ်လို့လည်း သမ္မတ ဦးသိန်းစိန်က ပြောဆိုတာကို သမ္မရုံး ၀က်ဆိုက် မှာ ဖော်ပြထားပါတယ်။ 



ဒါဟာ ဝေဖန်ထောက်ပြသူတချို့ရဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ အောက်ခြေထိ သက်
ရောက် မှု မရှိသေးဘူးဆိုတာကို သက်ရောက်မှု ရှိအောင် လုပ်ဆောင်တဲ့ နည်းလမ်းတခု လည်း ဖြစ် ပါတယ်။ 

ကဏ္ဍအလိုက် လုပ်ငန်း အကောင်အထည်ဖော်ဆောင်မှုတွေမှာ အထက်နဲ့ အောက်ခြေ အဖွဲ့အစည်းတွေ ကြား ကွာဟမှုတွေကို နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်လာတဲ့ လုပ်ငန်းစဉ်တခုလို့ ပြောရင် ရနိုင်ပါတယ်။ 



အခုလို သမ္မတက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ချောမွေ့အောင်မြင်ဖို့ သူ့သမ္မတ သက်တမ်းသာ မက နောက်အစိုးရသက်တမ်းတွေအထိ လုပ်ငန်းစဉ်တွေ ချမှတ် အကောင်အထည်ဖော်ပေးနေတာတွေ ဟာ တကယ် ဘယ်လောက် လက်တွေ့မှာ သက်ရောက်အကျိုးရှိမယ်၊ မရှိဘူးဆိုတာတော့ စောင့်ကြည့် သွားရမှာဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~

No comments:

Post a Comment