Pages

Thursday, September 12, 2013

ရွှေဝါရောင် ကိစ္စ ကြိုးပေးရင်လည်း ခံပါ့မယ် လို့ ဦးမြင့်ဆွေ ပြော

  
ရန်ကုန် တိုင်းဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေက ၂၀၀၇ ရွှေဝါရောင် သံဃလှုပ်ရှားမှု ကာလ သံဃာတော်တွေနဲ့ ပတ်သက်လို့ ဆောင် ရွက်မှုဟာ တာဝန် အရဆောင်ရွက်ခဲ့တာဖြစ်ပြီး မှားယွင်းတယ်လို့ တင်ပြလာမယ်ဆိုရင် ကြိုးပေးရင်တောင် ခံနိုင်တယ် လို့ ပြောလာပါတယ်။ 


"ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ တင်ပြ ရင် ကျွန်တော်ကတော့ READY ပဲ။ ယုတ်ဆွအဆုံး ကုန်ကုန်ပြော ရင် ကြိုးပေးလည်း ကျွန်တော်ခံပါ့မယ်"လို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေက မြန်မာနိုင်ငံငါး လုပ်ငန်း အဖွဲ့ချုပ် သီရိအဏ္ဏ၀ါခန်းမမှာ စက်တင်ဘာ ၈ ရက်နေ့က ပြောလိုက်တာပါ။ 

ပြည်တွင်း ထုတ် 7 Days သတင်းဂျာနယ်မှာ ဆက်ပြီး ဖော်ပြထားတာက ဦးနေ၀င်းနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် တို့ကိုဖမ်းဆီးသူမှာ သူမဟုတ်ပါဘူးလို့လည်း ငြင်းဆိုထားပါတယ်။ 

ရွှေဝါရောင်သံဃ လှုပ်ရှားမှုနှစ်ပတ်လည်အချိန်ကာလမှာ အခုလိုပြောလိုက်တာဟာလည်း အတော် တိုက်တိုက်ဆိုင်ဆိုင်ရှိနေပါတယ်။ 

ယခင် စစ်အစိုးရလက်ထက် ရန်ကုန်တိုင်း တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့တဲ့ က်ရှိ အစိုးရ ၀န်ကြီးချုပ် စစ်သားဟောင်းကြီး တဦးရဲ့ သတ္တိရှိတဲ့ ထုတ်ဖော်ပြောဆိုမှုပါ။ 

ဒီလိုပြောဆိုလိုက်ကြတဲ့အတွက် ကြိုဆိုသူတွေလည်း ရှိကြသလို ဝေဖန်သူတွေလည်း မနည်းပါဘူး။ 

၂၀၀၇ ခုနှစ် စက်တင်ဘာလ အတွင်း သံဃာတော်တွေ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်မှုတွေ လုပ်စဉ်က လက်နက်ကိုင်လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှု၊ ရိုက်နှက်ဖမ်းဆီး နှိပ်စက်မှုတွေကြောင့် သံဃာတော်တချို့ ပျံလွန်တော်မူခဲ့ပါတယ်။ 

ရွှေဝါရောင် သံဃလှုပ်ရှားမှု အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြီးက ကမ္ဘာကြီးကိုပါ တုန်လှုပ်သွားစေခဲ့တာပါ။ 

တချို့လည်း အကျဉ်းကျ၊ တချို့လည်း ပြည်ပ ထွက်ပြေးသွားကြရတာတွေ ရှိခဲ့ပါတယ်။ 
 


5 comments:

  1. ညှစ်ပြီးစ နို့ရည်သည် အချဉ်မပေါက်သေး သကဲ့သို့
    ပြုပြီးစဖြစ်သော မကောင်းမှုသည် ရုတ်တရက် အကျိုးမပေးသေးပေ။
    အကျိုးပေးသော အခါတွင်မူ ပြာဖုံးသော မီးကျီးခဲကဲ့သို့ ထိုသူမိုက်ကို လောင်ကျွမ်းစေလျက် အစဉ်လိုက်၏။

    ReplyDelete
    Replies
    1. ​ကောင်းလိုက်​တဲ့ စာသာ။

      Delete
  2. အလကားကောင်တွေပါအခုမှသူတော်ကောင်းဟန်ဆောင်နေတာ

    ReplyDelete
  3. ငြိမ်းချမ်းSeptember 13, 2013 at 12:48 AM

    ဘာပဲပြောပြော ကျန်သောသူများ ထိုသို့ သတ္တိရှိ ရန်လိုပါသည်။

    ReplyDelete
  4. လူတွေလည်း တော်တော်မေတာပို့နေပြီဆိုတော့ နည်းနည်းတော့ ပြန်ဝန်ခံအုန်းမှ။ မဟုတ်ရင် နောင်အတွက်ပါ ရင်လေးရတယ်။

    ReplyDelete