Pages

Thursday, September 12, 2013

ရန်ကုန်မှာ အဲယားကွန်း မြို့ပတ်ရထား စီးကြမယ်

ရန်ကုန်မှာ မြို့ပတ် ရထားစီးကြသူတွေအတွက် သတင်းကောင်းပါ။ အခုလာမယ့် အောက်တိုဘာလကစပြီး RBE အဲယားကွန်း ရထားတွေ ပြေးဆွဲတော့မယ်။ 



(ဓာတ်ပုံ - လောအယ်စိုး)

မြန်မာ့မီးရထား (အောက်မြန်မာပြည်) ရဲ့ လက်ထောက် အထွေထွေ မန်နေဂျာ ဦးကျော်ကျော်မျိုး က ကမ္ဘာ့နိုင်ငံတွေမှာလို လူတန်းစား မရွေး အဆင့်မြင့်မြင့် စီးနိုင်ကြဖို့ အဲယားကွန်း ရထားတစီးကို လာ မယ့် အောက်တိုဘ်ာမှာ စတင်ပြေးဆွဲမှာဖြစ်တယ်လို့  ပြောတာကို ယနေ့ ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ဖော်ပြ ထားပါတယ်။
 

လက်ရှိမှာ ရန်ကုန်က မြို့ပတ် ရထား ပြေးဆွဲမှုဟာ တနေ့ကို ၂၁ စင်းနဲ့ ပြေးဆွဲနေရာမှာ ၁၄ စင်းက ဆင်ခြေဖုံး ရထားတွေ ဖြစ်ပြီး ကျန်တဲ့ ၇ စင်းကတော့ ရိုးရိုး RBE ရထားတွေဖြစ်ပါတယ်တဲ့။ 

ပြီးခဲ့တဲ့ ဧပြီလက စပြီး အထူးတွဲ တွေ ချိတ်ပြီး အဆင့်မြှင့် ပြေးဆွဲပေးနေတယ်လို့လည်း သိရပါတယ်။ 

တလောကတော့ ကမ္ဘာလှည့်ခရီးသည်တွေ ရန်ကုန် မြို့ပတ် ရထား စီးလာကြလို့ ဆိုပြီး ရထားတွဲတွေမှာ အဆင့်မြင့် တွဲတွေ သီးသန့်ချိတ်ပေးတာတွေ လုပ်လာခဲ့ပါတယ်။ 

အဲဒီတုန်းက ဝေဖန်သံတွေက နိုင်ငံခြားသားတွေအတွက်မို့ မီးရထားတွေ အဆင့်မြှင့်ပေးခဲ့တာဖြစ်ပြီး ကိုယ့်နိုင်ငံသားတွေအတွက် အဆင့်မြှင့်ပေးသင့်တယ်လို့ ထောက်ပြတာတွေ လည်း ရှိခဲ့တာပါ။ 

တခါ တချို့ကလည်း နိုင်ငံတော်က မီးရထားတွဲတွေကို အဆင့်မြှင့်ပေးရာမှာ သန့်ရှင်းပြီး မပျက်စီးစေ ဖို့ နိုင်ငံသားတွေကလည်း စည်းကမ်းရှိကြဖို့ လိုအပ်တယ် လို့ ဝေဖန်အကြံပြုတာတွေလည်း ရှိကြပါတယ်။ 



အိမ့်သံစဉ် ~

No comments:

Post a Comment