Pages

Monday, September 16, 2013

ဒီမိုကရေစီဖော်ဆောင်ရေး အခက်အခဲနဲ့ ရင်ဆိုင်နေရ

 ~

မြန်မာပြည်ဒီမိုကရေစီဖော်ဆောင်ရေးဟာ ကြီးကြီးမားမားအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
ချက်နိုင်ငံ Forum 2000  ညီလာခံမှာ ပြောကြားလိုက်ပါတယ်။



ဒီ ပြောဆိုချက်ကို မြန်မာဘာသာနဲ့ရေးသားထုတ်လွှင့်တဲ့ သတင်းဌာနများရဲ့ အွန်လိုင်းစာမျက်နှာများမှာလည်း ဖော်ပြထားကြပါတယ်။
VOA  မြန်မာပိုင်း အွန်လိုင်းစာမျက်နှာမှာလည်း "မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအတွက် အကောင်းဘက်ကချည်းပဲ လွန်လွန်ကဲကဲ ကြည့်မယ်ဆိုရင်
 မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်း ပျောက်သွားနိုင်တယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က   သတိပေးလိုက်ကြောင်း ရေးထားပါတယ်။

"မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ အကြီးမားဆုံး စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတယ်" လို့
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း BBC မြန်မာပိုင်း အွန်လိုင်းစာမျက်နှာမှာ ရေးထားပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ပြောကြားတဲ့မိန့်ခွန်းရုပ်သံဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။



ဒါကတော့ ၃၈ မိနစ်ကြာ ရုပ်သံဖိုင် ဖြစ်ပါတယ်။ စကားပြောသူကတော့ အများအပြားပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းက ၁၅ မိနစ်လောက် ကျော်မှ ပေါ်လာပါလိမ့်မယ်။ 


ညီလာခံတက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတချို့ကို ဖော်ပြပေးလိုက်ပါတယ်။










 

.

No comments:

Post a Comment