Pages

Monday, September 16, 2013

ငိုနေချိန်မှာ သီချင်းဆိုလို့ မရပါ

ငိုနေချိန်မှာ သီချင်းဆိုလို့ မရပါ။ ဒီစကား ကို ပြောလိုက်သူက အခု ဓာတ်ပုံမှာ မြင်ရတဲ့ သူပါ။ 

Joan Baez၊ ဓာတ်ပုံ၊ အီဂေါ

မနေ့က ချက်နိုင်ငံ ပရက်မြို့က ဖိုရမ် ၂၀၀၀ အခန်းအနား ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဖွင့် မိန့်ခွန်း ပြောခဲ့ပါတယ်။ 

အဲဒီ မိန့်ခွန်းဟာ ချက် ပြည်သူတွေရဲ့ ရင်ကို တိုက်ရိုက်ရောက်သွားပြီး မျက်ရည်တွေ စိုရွှဲကုန်ကြတယ်။ ဒီအထဲ မှာ ဂျုံးဘေးဇ် ဆိုတဲ့ အဆိုတော်လည်းပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပရိသတ်တွေကို သူက  ဘ၀ အတွက် ကျေးဇူးတင်တယ်လို့ အဓိပ္ပာယ်ရတဲ့ စပိန်သီချင်းကို သီဆိုဖို့ သူ့မှာ အရင်ဆုံး မျက်ရည်တိတ်အောင် ကြိုးစားခဲ့ရပါတယ်လို့ စင်မြင့်ထက် မှာ ပြောသွားပါတယ်။ 

သူက “ငိုနေချိန်မှာ သီချင်းဆိုလို့မရပါဘူး” တဲ့။ 

သူ့ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ စကားလုံးတွေကြောင့် ခံစားရလွန်းလို့ ငိုနေမိတာပါတဲ့။ 


ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူသားဆန်မှုနဲ့ လူချင်းမတွေ့လိုက်ရတဲ့ သမ္မတဟောင်း ဗားကလဗ်ဟာဗဲလ် အပေါ် ထား တဲ့ လေးစားမှု၊ တန်ဘိုးထားမှုတွေက တချိန်က ချက်နဲ့ မြန်မာ လူ့အခွင့်အရေး၊ ဒီမိုကရေစီ
ရေးတွေနဲ့ ပတ်သက်လို့ ၂ နိုင်ငံ ဆက်ဆံရေး မြင်သာတဲ့ ဆက်နွယ်မှုတွေအဆင့်ကနေ အခုတော့ မြင်သာ တဲ့ ဆက်ဆံရေးအဖြစ် အသက်ဝင်လာခဲ့ပါပြီ။ 




အိမ့်သံစဉ် ~

No comments:

Post a Comment