Pages

Monday, September 16, 2013

အဲပုဂံရဲ့ ရန်ကုန်-ချင်းမိုင်ခရီးစဉ် ခေတ္တရပ်နားမယ်

~

ရန်ကုန်-ချင်းမိုင် တိုက်ရိုက်ပြေးဆွဲနေတဲ့ မြန်မာ့လေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ Air Bagan လေကြောင်း လိုင်း ဟာ ပြီး ခဲ့တဲ့ စင်တင်ဘာလ ၁၅ ရက်နေ့က နောက်ဆုံး ပြေးဆွဲပြီး  ခဏတာ ရပ် ထားမယ်လို့ သိရပါတယ်။


(photo - Air Bagan)


ချင်းမိုင်- ရန်ကုန် တိုက်ရိုက် ပြေးဆွဲမှုအပြီး ထိန်းသိမ်းပြုပြင်မှုတွေ လုပ်ဖို့ အတွက် ယာယီ ရပ်ထား မယ်လို့ သိရပါတယ်။ 
ခရီးစဉ် ရပ်နားမှုကို ရက်သတ္တ ၂ ပတ် ကြာမည်ဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့က နောက်ဆုံး ပြေး ဆွဲခဲ့ကာ  လာမယ့် အောက်တိုဘာ ၆ ရက်နေ့ မှာ ခရီးစဉ်များ ပြန်လည် စတင်မယ်လို့လည်း သိရပါတယ်။ 

တချိန်ကလည်း ချင်းမိုင်-ရန်ကုန်ကို ပြေးဆွဲခဲ့တဲ့ မြန်မာ လေကြောင်း လိုင်းဖြစ်တဲ့ Air Mandalay ကလည်း ခဏတာ ရပ်နားမယ် လို့ ပြောပြီးနောက် ထပ် ပုံမှန် မပြေးဆွဲတော့တာ ယနေ့ အချိန်ထိဖြစ်ခဲ့ပါတယ်။ 

အဲဒီနောက်မှာတော့ Air Bangan မှ အစားထိုးဝင်ရောက်ပြေးဆွဲခဲ့တာ ယခုနှစ် စက်တင်ဘာလဆန်းပိုင်း အချိန်ထိ ဖြစ် ခဲ့ပါတယ်။ Air Bagan လေကြောင်းလိုင်းဟာဆိုရင် မြန်မာ နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်ဖြစ် တဲ့ ဦးတေဇပိုင် လေကြောင်းလိုင်း တစ်ခုဖြစ်ပါတယ်။ 

တလောကတော့ နောက်ထပ် မြန်မာလေကြောင်းလိုင်း တခုဖြစ်တဲ့ ၀င်းအဲ (Win Air) လေကြောင်းလိုင်း ကလည်း အောက်တိုဘာလဆန်းလောက်မှာ ရန်ကုန်-ချင်းမိုင် တိုက်ရိုက်ပြေးဆွဲမယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခု ထိတော့ သေချာတဲ့ ကြေညာချက်မျိုး မထွက်သေးပါဘူး။ 

အိမ့်သံစဉ်~






No comments:

Post a Comment