Pages

Wednesday, September 18, 2013

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်း ရေတပ်သင်္ဘောပေါ် တက်လေ့လာ

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်း ဘုရင့်ရေတပ်မတော်က H.T.M.S ANGTHONG စစ်သင်္ဘောပေါ်သို့ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်း က တက်ရောက်လေ့လာခဲ့ပါတယ်။ 

 ထိုင်းဘုရင့်ရေတပ်သင်္ဘောပေါ် တက်ရောက်လေ့လာနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဓာတ်ပုံ- မြန်မာ့အလင်း

အဲဒီလို သွားရောက်လေ့လာတဲ့အခါမှာ ထိုင်းဘုရင့်တပ်မတော် ရေတပ်သင်္ဘောတွေက အမြောက် ၁၉ ချက် ပစ်ဖေါက် ဂုဏ်ပြုခဲ့တာကိုလည်း မြန်မာ့အသံသတင်းက ဖော်ပြသွားပါတယ်။ 

အဲဒီမှာတော့ မြန်မာ- ထိုင်း ၂ နိုင်ငံ ရေပိုင်နက်အတွင်းမှာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာတွေ ပူးပေါင်း လုပ်ဆောင်သွားကြဖို့ ဆွေးနွေးသွားကြတယ်လို့လည်း သတင်းက ဆိုပါတယ်။ 

ဒီနေရာမှာ မြန်မာကာ/ချုပ် လည်း ထိုင်းရေတပ်ရဲ့ အဆင့်အတန်းကို မျက်ဝါးထင်ထင် မြင်လိုက်ရမှာဖြစ် ပါတယ်။ 

မြန်မာဟာ တကယ်တော့ ဒေသတွင်း နိုင်ငံများထဲက စစ်တပ်တွေနဲ့ နှိုင်းယှဉ်ရင် အဆင့်မြင့် ရေတပ် နဲ့ လေတပ်တွေ မြန်မာမှာ မရှိသေးတာ အထင်အရှား ဖြစ်ပါတယ်။ 

တပ်မတော် အင်အား ရှိဖို့ ဆိုပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကတည်းက လုပ်ဆောင်လာခဲ့ပေမယ့် မြန်မာ့ တပ်မတော်ဟာ အိမ်နီးချင်း နိုင်ငံတွေရဲ့ တပ်မတော်တွေ လို အဆင့်မြင့် နည်းပညာတွေ အသုံးပြုနိုင်ရေး အားနည်းနေတာ သတိထားမိစရာဖြစ်ပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပနေတဲ့ ဘန်ကောက်မြို့တွင် ထိုင်း နဲ့ မြန်မာနိုင်ငံမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေ ဦးဆောင် ပါဝင်သော High Level Committee အစည်းအဝေးကို တက်ရောက်ဖို့ ရောက်နေတာဖြစ်ပါတယ်။ 


 

အိမ့်သံစဉ် ~

No comments:

Post a Comment