Pages

Thursday, September 19, 2013

စင်ကာပူအခြေစိုက်ကချင်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မည်မဟုတ်



 ~



စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ကချင်လူမျိုးတွေကို ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အကူအညီ မပေးနိုင်ခဲ့ဘူး လို့ ကချင်အဖွဲ့အစည်း (စင်ကာပူ)က မနေ့ကရက်စွဲနဲ့ ကြေညာချက် ထုတ်ပါတယ်။


ဒါကြောင့် မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူလာပြီး မြန်မာပြည်သားတို့နဲ့ တွေ့တဲ့အခမ်းအနားမှာ သူတို့အဖွဲ့ "ပါဝင်တက်ရောက်မည် မဟုတ်ကြောင်း" ကြေညာချက်မှာ ရေးထားပါတယ်။

တက်ရောက်တဲ့ ကချင်လူမျိုးတွေက အဖွဲ့ကို ကိုယ်စားပြုတက်ရောက်ခြင်း မဟုတ်ဘူးလို့ ကြေညာချက်မှာ ဆက်ရေးထားပါတယ်။

အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

ပြည်ပခရီးစဉ်အများအပြားထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူခရီးစဉ်ကျမှပဲ ဒီလို ကြေညာချက်ထုတ် ကန့်ကွက်ခံရမှုနဲ့ ကြုံရတာလို့ ယူဆရပါတယ်။

အထက်မှာ တွေ့ရတာကတော့ ကချင်ပြည်နယ် လိုင်ဇာမြို့ရောက် စစ်ပြေးဒုက္ခသည်တချို့ရဲ့ပုံ ဖြစ်ပါတယ်။



.

2 comments:

  1. ဒေါ်အောင်ဆန်းကြည်ကိုများ မှော်ဆရာထင်နေလား မသိဘူး။ ဘာဖြစ်ဖြစ် ဒေါ်စု ဘာမှမလုပ်ပေးဘူး။ ဒေါ်စု ဘာမှ မပြောဘူးလုပ်နေကြတယ်။ ကချင်တစ်ယောက် နှစ်ယောက် အသံကို အဖွဲ့  ဆိုပြီးလုပ်နေကြတယ်။ စလုံးမှာ နေတာ ၁၅ နှစ်ရှိပြီ။ ကချင် တစ်ယောက်မှ မတွေ့ ဘူးသေးဘူး။ အသိထဲမှာ ရခိုင်တွေ၊ မွန်တွေ၊ ရှမ်းတွေ၊ ကရင်တွေကတော့ ပေါမှပေါ။

    ReplyDelete
  2. Kaung you are right, totally agree with you. They themselves can't do anything yet like to blame other easily. Very Ridiculous!

    ReplyDelete