Pages

Tuesday, September 17, 2013

တကယ်ကောင်းတဲ့ အစိုးရမျိုးဆိုတာ ရှိမှန်းတောင် မသိရဘူး

ချက်သမ္မတနိုင်ငံ ပရက်မြို့မှာ ကျင်းပနေတဲ့ ဖိုရမ် ၂၀၀၀ ညီလာခံ မှာ စက်တင်ဘာလ ၁၆ ရက်နေ့ က ဒေါ်အောင်ဆန်စုကြည်က The Road to Good Governance ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးချက်ပါ။

 ဓာတ်ပုံ- ဖိုရမ် ၂၀၀၀

ဒေါ်အောင်ဆန်းစုကြည်က Government နဲ့ Governance ကွာခြားမှုကစပြီး ဆွေးနွေးပါတယ်။ ပြီးတော့ အစိုးရဆိုတာနဲ့ပတ်သက်ပြီး ၄ မျိုးခွဲခြားပြပါတယ်။ နိုင်ငံသားတွေက မုန်းတဲ့ အစိုးရမျိုးကို အောက်ဆုံး အဆင့်မှာ ရှိတယ်လို့ ပြောဆိုပြီး နိုင်ငံသားတွေ ကြောက်တဲ့ အစိုးရ၊ နိုင်ငံသားတွေချစ်ကြ ချီးကျူးကြတဲ့ အစိုးရမျိုးနဲ့ အစိုးရ ရှိမှန်းတောင် မသိရတဲ့ အစိုးရ မျိုး ဆိုပြီး ပြောပါတယ်။ အကောင်းဆုံးကတော့ အစိုးရ  ရှိလို့ ရှိမှန်း မသိတဲ့ အစိုးရမျိုးပါတဲ့။ 


“ကျမတို့ မြန်မာနိုင်ငံမှာ တကယ်ကောင်းတယ်ဆိုတဲ့ အစိုးရကောင်း အတွေ့အကြုံ မရှိပေမယ့် မကောင်းတဲ့ အုပ်ချုပ်ရေးမျိုးတော့ ကြုံခဲ့ရပါတယ်။ ကောင်းမွန်တဲ့ အစိုးရလက်အောက်မှာ နိုင်ငံသားတွေမျှော်မှန်း ချင် တဲ့ ပန်းတိုင်ကို အစိုးရနဲ့အတူ လျှောက်လှမ်းသွားကြရမှာပါ။ ကောင်းမွန်တဲ့ အစိုးရဆိုတာ  ပြည်သူလူထုနဲ့ ကင်းကွာတဲ့ အစိုးရမျိုး မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အစိုးရမျိုးဖြစ်ပါတယ်။ ပြည် သူတွေရဲ့ဆန္ဒ ဘယ်လိုရှိတယ်ဆိုတာလည်း အစိုးရက နားထောင်ဖို့ လိုတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်  က ပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပြောဆိုသွားတဲ့ အပြည့်အစုံကို အောက်က ဗီဒီယိုမှာ နားဆင်ကြည့်ပါ။





အိမ့်သံစဉ် ~

No comments:

Post a Comment