Pages

Wednesday, September 18, 2013

ရေထဲက မန်းရတနာပုံစာမေးပွဲ


 ~


မန္တလေးမြို့ပြင် ရတနာပုံတက္ကသိုလ်မှာ စက်တင်ဘာ(၁၆)ကနေ (၂၃) အထိ  ဒုတိယနှစ်ဝက်စာမေးပွဲ ရှိနေပါတယ်။  

 


စာမေးပွဲ ဆိုတာ ကျောင်းသူကျောင်းသားတွေ မဖြတ်မနေ ဖြတ်သန်းရမယ့် အခက်အခဲပါ။
အဲဒီအခက်အခဲကို ဖြတ်ဖို့ ရေပြင်ကျယ်ကို အရင် ဖြတ်သန်းနေရပါပြီ။

 တောင်တမန်အင်း ရေလျှံမှုကြောင်. ရတနာပုံ တက္ကသိုလ်ကျောင်းအ၀င်အထွက်လမ်းများ  ရေ၀င်နစ်မြုပ်နေတာပါ။
ရေ၀င်တဲ့စေတီလမ်းကို ပိတ်ထားတဲ့အတွက် စာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်းသူများ  နို့ချက်လမ်းကနေ အ၀င်အထွက်ပြုလုပ်ကြဖို့ ကျောင်းမှာ စာကပ် သတိပေးထားပါတယ်။ 

ဒီပုံတွေနဲ့အတူ ဆက်စပ် ဖတ်သင့်တဲ့ သတင်းကတော့ ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌ၀တီမြစ်ရေ စိုးရိမ်ရေမှတ် ကျော် http://burma.irrawaddy.org/archives/48083 ဆိုတဲ့ သတင်း ဖြစ်ပါတယ်။

အပေါ်ဆုံးက ပုံမှာတော့ ကားတွေ လှေခါးထိပ်တက်ရပ်နေတာကိုလည်း တွေ့ရပါလိမ့်မယ်။

(photos: ko toke gyi)







 

.

No comments:

Post a Comment