Pages

Monday, September 23, 2013

ဘန်ကောက်မှာ ဆည် စီမံကိန်း ကန့်ကွက်ဆန္ဒပြနေကြ

မြန်မာနိုင်ငံက ဧရာဝတီ မြစ်ဆုံဆည် ကန့်ကွက်ရေးတုန်းက မြန်မာပြည်က အလွှာအသီးသီးက ကန့်ကွက် ခဲ့ကြသလို ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ မဲဝုန် ဆည် စီမံကိန်းကို ကန့်ကွက် ဆန္ဒပြမှုတွေ မနေ့က စတင် 
ပြီး အကြီးအကျယ် လုပ်နေပါတယ်။ 

 ဓာတ်ပုံ- Bangkok Post

Kasetsart University ကနေ Bangkok Art and Cultural Centre အထိ Seub Nakhasathien Foundation က ဦး ဆောင်ပြီး ၁၃ ရက်ကြာ ချီတက် ဆန္ဒပြသူကတော့ မစ္စတာ Sasin Chalermlap ပါ။ 

နခုန် စ၀န် ခရိုင်မှာ မဲဝုန် အမျိုးသား ဥယာဉ်အတွင်း ဆည်တည်ဆောက်မယ့် ကိစ္စအပေါ် သဘာဝ ပတ်ဝန်းကျင် ဆိုင် ရာ နာမည်ကြီး လှုံဆော်နေတဲ့ ထိုင်းလူမျိုး Sasin Chalermlap က ကန့်ကွက်တဲ့အနေနဲ့ ၃၈၈ ကီလိုမီတာ လမ်း လျှောက် ဆန္ဒပြရာမှ ဘန်ကောက်ကို ရောက်လာခဲ့ချိန်မှာ လူထောင်ပေါင်း များစွာ က ကြိုဆိုထောက်ခံတဲ့အနေနဲ့ ကန့်ကွက်ဆန္ဒပြမှုကြီးက ကြီးထွားလာတာဖြစ်ပါတယ်။

မဲဝုန်ဆည်စီမံကိန်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က စတင်ခဲ့တာပါ။ ဒီဆည်ကြီးကြောင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဆိုးကျိုးတွေ ရှိနေတာမို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ၂၈ ဖွဲ့ကလည်း သူနဲ့ ဆည်စီမံကိန်းကို ကန့်ကွက်ကြပါတယ်။ 

သဘာဝ ပတ်ဝန်းကျင်ကို တန်ဘိုးထားတတ်သူ ထိုင်းနိုင်ငံသားတွေလည်း အခုလို ကြီးကြီးကျယ်ကျယ် ကန့်ကွက် ဆန္ဒပြနေတာဟာ ထိုင်းနိုင်ငံရဲ့ အဖိုးအတန်ဆုံး မဲဝုန် အမျိုးသား သစ်တောဥယျာဉ်ကြီး ပျက်ဆီးသွားမှာ စိုးရိမ်လို့ ဖြစ်ပါတယ်တဲ့။ 




 

အိမ့်သံစဉ်~

No comments:

Post a Comment