Pages

Monday, September 9, 2013

ထိုင်းလေကြောင်းလိုင်း လေယာဉ်တစီး မတော်တဆဖြစ်

ယမန်နေ့ညနှောင်းပိုင်း ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိ နိုင်ငံတကာ လေဆိပ်မှာ ထိုင်း  TG လေကြောင်းလိုင်း က တရုတ်နိုင်ငံက ထွက်ခွာလာတဲ့ လေယာဉ်တစီးဟာ လေယာဉ်ကွင်း အဆင်းမှာ ဟန်ချက်ပျက်ပြီး ပြေး လမ်း ချော်သွား ခဲ့လို့ ခရီးသည် ၁၃ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။ 

 မတော်တဆဖြစ်ခဲ့တဲ့ ထိုင်း TG လေယာဉ်၊ ဓာတ်ပုံ- The Nation

ခရီးသည် ၂၈၈ ဦးတင်ဆောင်လာတဲ့ TG 679 ဘိုရင်းလေယာဉ် မတော်တဆမှုဖြစ်ခဲ့လို့ သုဝဏ္ဏဘုမ္မိ 
လေယာဉ်ကွင်းမှာ လေယာဉ်ဆင်းသက်မှု အချိန်အနည်းငယ် ရပ်ဆိုင်း ထားပြီး မဖြစ်မနေ ဆင်းသက်ရ မယ့် လေယာဉ် ခရီးစဉ်တချို့ဟာ ဒွန်မောင်းလေဆိပ်ကို ပြောင်းလဲ ဆင်းသက်ခဲ့ရတယ်လို့ ဒီကနေ့ ထုတ် The Nation သတင်းတပုဒ်က ဖော်ပြပါတယ်။ 



လေယာဉ်အမှုထမ်း ၁၄ ဦးပါတဲ့ အဲဒီ လေယာဉ်ရဲ့ လေယာဉ်မှူးက ထိန်းသိမ်းနိုင်ခဲ့လို့သာ အခုလို ခရီးသည် အနည်း ငယ်ပဲ ဒဏ်ရာတွေ ရစေခဲ့တာလို့ သိရပြီး လေယာဉ် မတော်တဆ ဖြစ်မှုအတွက် စုံစမ်းမှုတွေ လုပ်နေပြီလို့ ဆိုပါတယ်။ 



ပြေးလမ်းချော်သွားခဲ့တဲ့ လေယာဉ်ရဲ့ ညာဘက်တောင်ပံဟာ မြေပြင်နဲ့ ရိုက်မိပြီး အင်ဂျင်တလုံးလည်း အနည်းငယ် ပျက်စီးသွားတယ်လို့ Civil Aviation ဒါရိုက်တာ Voradej Harnprasert က ပြောထား ပါတယ်။ 


အိမ့်သံစဉ် ~

No comments:

Post a Comment