Pages

Friday, September 13, 2013

ကိုယ်ဝန် အတုနဲ့ ကိုကင်းများဖမ်းမိ

မနေ့က ကမ္ဘာ့သတင်းလောကမှာ နာမည်ကြီးသွားတဲ့ သတင်းတပုဒ်ကတော့ ကနေဒါ နိုင်ငံသူ တဦးဟာ ကိုယ်ဝန်အတု ထဲမှာ ၀ှက်ထားတဲ့ ကိုကင်း ၄ ပေါင်နဲ့အတူ ကိုလံဘီယာ လေဆိပ်ကနေ ကနေဒါ နိုင်ငံ၊ တိုရန်တို မြို့ကို ထွက်ခွာခါနီး စက်တင် ဘာလ ၁၁ ရက်နေ့ ဖမ်းဆီးခံခဲ့ရအဖြစ်ပါ။


လေဆိပ် အကောက်အခွန်အရာရှိက ဒီအမျိုးသမီးရဲ့ ကိုယ်ဝန်ဟာ ပုံမှန်လို မဟုတ်ပဲ ဗိုက်သားက နည်း နည်း မာကျော တဲ့ လက္ခဏာ ရှိတာရယ် ပုံမှန်မဟုတ်တဲ့ ထူးခြားမှုရှိတာကို သတိထားမိလိုက်တာက အခုလို ဖမ်းဆီးရမိသွားခဲ့တာပါ။

ကိုလံဘီယာနိုင်ငံဟာ မူးယစ်ရာဇာဂိုဏ်းတွေပေါ်များတဲ့နေရာတခုလည်း ဖြစ်သလို လက်ရှိ ကိုလံဘီယာမှာ မှုးယစ်ဆေးဝါနဲ့ ပတ်သက်ပြီး ဖမ်းမိထားတဲ့ နိုင်ငံခြားသား အကျဉ်းသားပေါင်း ၈၀၀ ကျော်ရှိနေပါတယ်။

ဖမ်းဆီးမိခဲ့တဲ့ ကနေဒါ အမျိုးသမီးဟာ ဥပဒေအရ ထောင်ဒဏ် ၅ နှစ်ကနေ  ၈ နှစ်ထိ ကျခံရဖွယ် ရှိကြောင်း ဘီဘီစီသတင်းတပုဒ်မှာလည်း ဖော်ပြထားပါတယ်။ 

ဒီသတင်းအပေါ် တချို့က မှတ်ချက်ပေးရာမှာတော့ ကိုကင်း ကိုယ်ဝန်ပျက်ကျခြင်း (Cocaine Abortion) လို့ ဆိုကြပါတယ်။ 

ကနေဒါ နိုင်ငံသူက ကိုယ်ဝန် အတုထဲ ကိုကင်းမူးယစ်ဆေးတွေ ဘယ်လို ထည့်လာ သလဲ ဆိုတာ အေပီ သတင်း ဌာနက ယခုလို တင်ပြထားပါတယ်။

 


No comments:

Post a Comment