Pages

Thursday, September 26, 2013

ဧရာဝတီအစိုးရပြောတဲ့ ညောင်တုန်းဆေးရုံ ငွေတောင်းမှု

 ~




မြို့နယ်ဆေးရုံတခုက ခွဲစိတ်လူနာတွေအပေါ် ခွဲစိတ်ခ ငွေကြေးတောင်းခံနေတဲ့ကိစ္စကို စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက ပြောဆိုလိုက်ပါတယ်။



တိုင်းလွှတ်တော်အစည်းအဝေးတခု မြင်ကွင်း (ဓာတ်ပုံ - ဆလိုင်းသန့်စင် )ညောင်တုန်းဆေးရုံက ငွေတောင်းခံနေတဲ့ကိစ္စနဲ့ လူနာတင်ယာဉ်ပျက်စီးနေတဲ့ကိစ္စတွေကို ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမင်းက မနေ့က ကျင်းပတဲ့ ပထမအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးမှာ တင်ပြမေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကို ၀န်ကြီးဒေါ်ခင်စောမူက လွှတ်တော်မှာ အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ခွဲစိတ်လူနာတွေအတွက် အခမဲ့ရရှိမယ့်ဆေးဝါးတွေကို ဧရာဝတီတိုင်းထဲက ဆေးရုံတွေကို ချထားပေးပြီးပါပြီ။
 ငွေကြေးတောင်းခံခြင်းမပြုဖို့လည်း လမ်းညွှန်ချက်တွေ ထုတ်ပြန်ထားပါတယ်။
ညောင်တုန်းမြို့နယ်ဆေးရုံရဲ့ ငွေကြေးတောင်းခံတဲ့ကိစ္စကို ကျမတို့ တိုင်းအစိုးရအနေနဲ့ စိစစ်အရေးယူသွားပါမယ်”

လွှတ်တော်မှာမေးမြန်းခဲ့ခြင်း အကြောင်းရင်းကို  ဒေါက်တာလှမင်းက အခုလို ပြောပါတယ်။

“ဒီလိုမျိုး စိစစ်ကြပ်မတ်သွားမယ်ဆိုရင် ကျေနပ်ပါတယ်။
 ဒါက ညောင်တုန်းတမြို့တည်း ဖြစ်တာမဟုတ်ဘူးလေ။ အားလုံး နေရာတိုင်းလိုလိုမှာ ဖြစ်နေတာဆိုတော့ ကျနော်တို့က သီအိုရီတခု လိုချင်တာပေါ့နော်။
ဒါကိုအထက်ကသိဖို့လိုတယ်။ ကြပ်မတ်ပေးဖို့လိုတယ်။ အရေးယူဖို့ဆိုတာထက် ကြပ်မတ်ပေးဖို့ပါ”

“ဆေးရုံကအဲ့လိုငွေတောင်းနေတော့ ပိုက်ဆံတတ်နိုင်တဲ့လူကျတော့ ရန်ကုန်သွား ကုကြပြီးတော့ မတတ်နိုင်တဲ့လူတွေက ငွေကြေးပေးပြီး ကုသနေရတဲ့အခက်အခဲ ရှိနေတယ်”

ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ဆေးရုံတွေအားလုံးအတွက် ၂၀၁၃ - ၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်စတင်ချိန် ဧပြီလကစတင်ပြီး အခမဲ့ကုသပေးရမယ့်ကဏ္ဍတွေအတွက် အသုံးစရိတ် ပေးအပ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

ဆလိုင်းသန့်စင်

 



.

No comments:

Post a Comment