ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ရင်း ပျောက်ဆုံးနေသူ ဦးမောင်ဝင်း
အပြည့်အစုံကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
“ လူပျောက်ဆုံးနေမှုအတွက် အကူညီတောင်းခံချက် ”
ပျောက်ဆုံးသူအမည် - ဦးမောင်ဝင်း(ဘ) ဦးစံလှ
အသက် - ၃၈-နှစ်
လူပျောက်မှုကို တင်ပြသူ - ဇနီးမသိန်းဝင်း(ဘ) ဦးကိုညို
နေရပ် - အမှတ် ၁၈၄၊ မိဂသီ (၂၁)လမ်း၊
၁၂-ရပ်ကွက်
တောင်ဥက္ကလာပမြို့နယ်၊
ဖုန်း - 09-512-6480
==============
ပြည်ပသို့အလုပ်အကိုင်လုပ်ရန် တာဝန်ခံသည့်ကုမ္ပဏီ - အမည် - ရန်ကုန် ရဲဝံ့နဂါးကုမ္ပဏီလီမိတက် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး( လိုင်စင်အမှတ်.၃၉/၂၀၁၀) ။
ဦးမြင့်နိုင် ( မန်နေဂျင်းဒါရိုက်တာ ) ရုံးလိပ်စာအမှတ် - အမှတ် (၁၃၀)၊ အခန်း(၁၇)၊ တတိယထပ်၊ ဆူးလေ ဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ (ဆူးလေဗဟိုမီးသတ်ရုံးရှေ့၊ လက်ရွေးစင် လဘက်ရည်ဆိုင် အပေါ်ထပ်)
ဖုန်း - 01-710036, 09 8640779, 095172707 Fax - 01-2460002
သွားရောက် တာဝန်ထမ်းဆောင် သည့် ပြည်ပကုမ္ပဏီ Thanavat Seafoods Partnership Co, Ltd. Address : 13/6-7, Moon-2, Thaung Kwai Kin, Klang, Bayoung(21170)Thailand.
အကြောင်းအရာ - ကျမ၏ခင်ပွန်းဖြစ်သူ ကိုမောင်းဝင်းကို ရဲဝံ့ နဂါးကုမ္ပဏီမှ နိုင်ငံခြားတိုင်းပြည်တွင် အလုပ် အကိုင် ရမည်ဟုသိရသဖြင့် သွားရောက်၍ အလုပ်လျှောက်ခဲ့ပါသည်။
ထို့နောက် ၄င်းကုမ္ပဏီမှတာဝန်ယူ၍ ၂၃-၁၁-၂၀၁၁ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှ ကော့သောင်းလေဆိပ် သို့ လေယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ပါသည်။ ၄င်းမှတဆင့် ထိုင်းနိုင်ငံ Bayoung သို့ ပို့ဆောင်ခဲ့သည်။ ( ကျမ
ယောက်ျားပြောပြချက်အရ)
ကျမယောက်ျားနှင့် ၂၀၁၂ ၄-လပိုင်းမှစ၍ ၈-လပိုင်းအထိ တစ်လလျှင် တစ်ကြိမ် အဆက်အသွယ် ရခဲ့သော် လည်း၊ ၈လပိုင်းနောက်ပိုင်းမှစ၍ ယနေ့အချိန်အထိ လုံးဝအဆက်အသွယ်မရတော့ပါ။
ထို့ကြောင့် ရဲဝံ့နဂါးကုမ္ပဏီသို့ ကျမအနေဖြင့် ၃-ကြိမ်သွားရောက်၍ ကျမခင်ပွန်း ဖြစ်သူနှင့်အဆက်အသွယ် မရပါသဖြင့် ကူညီ၍ဆက်သွယ်ပေးပါရန် တောင်းဆို ခဲ့သော်လည်း ကူညီဆောင်ရွက်ပေးချင်း မရှိသည့် အပြင်၊ တာဝန်ယူလုပ်ကိုင်ပေးသူ ဦးမြင်နိုင်(ရဲဝံ့နဂါးကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ)နှင့်လည်း မတွေ့ရပါ။
သို့ပါ၍ ကျမခင်ပွန်းဖြစ်သူ ကိုမောင်ဝင်းအား ရှာဖွေပေးပါရန် အကူအညီတောင်းခံ တင်ပြအပ်ပါသည်။ -
ဇနီး မသိန်းဝင်း


အလုပ်သမားဝန်ကြီး အနေနဲ.ဘယ်အေဂျင်စီကိုမှ
ReplyDeleteအရေးယူတာမရှိသလို ပြစ်မှုကျုးလွန်တဲ.အေဂျင်စီတွေကိုတောင်
နံမည်အသစ်ပြောင်းပြီး လူပို.ခွင်.လိုင်စင်အသစ်တွေတောင်ပြန်ချပေးနေပါတယ် ။
ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ. အလုပ်သမားဝန်ကြီးဌာန ( ပြည်ပလူပို.ခွင်. လိုင်စင်ချထားမှု ဌာနခွဲ ) ကို ၀င်ရောက်စစ်ဆေး သင်.ပါတယ် ။
ဒါမှဘဲ ပြည်ပကိုသွားရောက်လုပ်ကိုင်မယ်. အလုပ်သမားတွေရဲ.အပေါ်မှာ လိမ်လည်နေတာတွေ လျော.ကျသွာနိင်တယ်လို. အကြံပြုပါရစေ။
တရားဝင်ပြောင်ပြောင်ပင်လူကုန်ကူးနေသည့် ကုမ္ပဏီများမြန်မာပြည်တွင်ရှိပါသည်။ မကြာသေးခင်ကလည်း လူကုန်ကူးသည့် ကြောက်စရာ့ဂိုဏ်းအကြောင်း ဖတ်လိုက်ရပါသေးသည်။ အလုပ်သမားများမှာ ထိုင်းနိုင်ငံငါးဖမ်းစက်လှေများထံအရောင်းခံရပြီး ထိုလှေများပေါ်သို့ရောက်သွားသည့် အခါ ကျွဲနွားတိရိစ္ဆ
ReplyDeleteာန်များသဖွယ် အလုပ်လုပ်ကိုင်ရပြီး လူ့ဘ၀ဆုံးသွားကြောင်း ကံမကောင်းလျှင်အသတ်ခံရကြောင်း လေ့လာသိရှိရဖူးပါသည်။ ထို့ကြောင့် တရားဝင်လူကုန်ကူးနေသည့် ကုမ္ပဏီများကိ အစိုးရအာဏာပိုင်များမှု ပြင်းပြင်းထန်ထန်အရေးယူသင့်ပါသည်။
ဧရာဝတီရဲ့emailပြောပြပေးပါ
ReplyDelete