Pages

Wednesday, September 11, 2013

ဈေးကွက်ထဲ ရောက်လာတဲ့ iPhone 5C နဲ့ 5S

Apple ကုမ္ပဏီက ရောင်စုံပလပ်စတစ်ကာဗာ iPhone 5C ဆိုတာနဲ့ 5S ဆိုတာကို ဈေးကွက်ထဲ ချပြလိုက် ပါပြီ။ 



iPhone 5C ဟာ ရောင်စုံ ပလပ်စတစ်ကာဗာတွေနဲ့ လုပ်ထားပေမယ့် ဈေးကတော့ 16 GB Unlocked ကိုတောင် Apple Store မှာ အမေရိကန် ဒေါ်လာ ၅၄၉ နှုန်းနဲ့ 32 GB Unlocked ကို ဒေါ်လာ ၆၄၉ သတ်မှတ်ထားပါတယ်။ 



“သတိထားမိတာတခုက ပန်းသီးက သူ့ထုတ်ကုန်တွေရဲ့ ဈေးနှုံးကိုသတ်မှတ်တာမှာ အပျော့ထည်၊ အမာ ထည်တွေရဲ့ အရည်အသွေး တန်ဖိုးအပြင် သုံးစွဲသူတွေရဲ့ သူ့ ထုတ်ကုန်တွေအပေါ် တန်ဖိုးထားမှုတွေကိုပါ ပေါင်းပြီး သတ်မှတ်တယ်လို့ မြင်တယ်။ အပိုဆောင်း သိက္ခာကြေးပေါ့” လို့ Apple ပရိသတ်တဦးဖြစ်တဲ့ နိုင်အဲမွန်က ဆိုထားပါတယ်။ 

Apple ပစ္စည်းတွေကို ဈေးပေါပေါနဲ့ တော့ သုံးနိုင်မှာ မဟုတ်ဘူးလို့လည်း သူ့အမြင်ကို ဆက်ပြောပါတယ်။ 



တခါ iPhone 5S ကတော့ အရင် iPhone 4, iPhone 4S, 5 တို့လို ဘော်ဒီမျိုးနဲ့ပါ။ ဒါပေမယ့် ဒီတပတ် ထူးခြားတာ က အရောင် ၃ မျိုးနဲ့ ထုတ်လာတာဖြစ်ပြီး ရွှေရောင် ဘော်ဒီ တမျိုး ပိုလာပါတယ်။ 

ဈေးနှုန်းတွေကတော့ 16 GB Unlocked ကို ဒေါ်လာ ၆၄၉၊ 32 GB ကို ဒေါ်လာ ၇၄၉၊ 64 GB ကို ဒေါ်လာ ၈၄၉ ဆိုပြီး သတ်မှတ်ထားတာပါ။

အခု Apple ရဲ့ အသစ်ထွက်လာတဲ့ iPhone 5C၊  iPhone 5S တွေကို ယခင် iPhone သုံးသူတွေအနေနဲ့ အမေရိကန် ပြည်ထောင်စု မှာတော့ အလိုက်ပေးပြီး အသစ်လဲလို့ရနိုင်သလို တချို့နိုင်ငံတွေမှာလည်း အဲဒီစနစ်သုံးသွားဖို့ အစီအစဉ်ရှိတယ်လို့ Apple က ပြောထားပါတယ်။

Apple ချစ်သူအများစုကတော့ အသစ်ပေါ်တဲ့ ပစ္စည်းတွေကိုပဲ သုံးချင်ကြတာလို့ စစ်တမ်း တခုက ပြော ထားပါတယ်။


အိမ့်သံစဉ် ~ 

No comments:

Post a Comment