Pages

Thursday, September 19, 2013

ရင်းနှီးမြှုပ်နှံမယ့်သူလိုနေတဲ့ MPT နဲ့ ရတနာပုံတယ်လီပို့

 ~




အော်ရီဒူး၊ တယ်လီနောတို့ကို ပြိုင်ကြရမယ့် မြန်မာအစိုးရကျောထောက်နောက်ခံပြု MPT နဲ့ ရတနာပုံတယ်လီပို့ ဆိုတဲ့ တယ်လီဖုန်းအော်ပရေတာတွေက ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ရှာနေပါပြီ။




မနေ့က ရတနာပုံတယ်လီပို့ရဲ့ ရန်ကုန်ရုံး ဧည့်ကြိုဌာနမှာ တွေ့ရတဲ့ ၀န်ထမ်းတဦး (ဓာတ်ပုံ - Reuters)

  ပြည်ပကုမ္ပဏီတွေဖြစ်တဲ့ အော်ရီဒူး၊ တယ်လီနောတို့ကလည်း တရားဝင် လုပ်ကိုင်ခွင့်ရဖို့ စောင့်နေဆဲပါပဲ။
ဒီကုမ္ပဏီနှစ်ခုက  တယ်လီဖုန်းအော်ပရေတာ အဖြစ် လုပ်ကိုင်ခွင့်ရဖို့  ဇွန်လမှာ မဲပေါက်ခဲ့တာပါ။

လောလောဆယ် လုပ်ကိုင်ခွင့်ရနေတာကတော့ အထက်မှာ ဆိုခဲ့တဲ့ MPT နဲ့ YTP (မြန်မာ့ဆက်သွယ်ရေး နဲ့ ရတနာပုံတယ်လီပို့) တို့ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ မိုဘိုင်းဖုန်း ဈေးကွက် ပျံ့နှံ့ပေါက်ရောက်မှုက ကမ္ဘာမှာ အနိမ့်ဆုံးထဲ ပါဝင်နေ၊ မိုဘိုင်းဖုန်းကိုင်တာ လူနည်းစုပဲ ဖြစ်နေတာ လက်ရှိအခြေအနေပါပဲ။

ရတနာပုံတယ်လီပို့ ဆက်သွယ်ရေးကုမ္ပဏီ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ဒေါ်လာ ၁ ဘီလီယံဖြစ်မယ်လို့ ခန့်မှန်းကြောင်း
ရတနာပုံတယ်လီပို့ အမှုဆောင် အရာရှိချုပ် ဦးတင်ဝင်းက ပြောပါတယ်။

 ဧရာဝတီနဲ့ ဦးတင်ဝင်း အင်တာဗျူးကို http://burma.irrawaddy.org/archives/47963 မှာ ပြန်ဖတ်နိုင်ပါတယ်။

ဒီပမာဏ ရဖို့ ဘယ်လို လုပ်မယ်ဆိုတာကိုတော့ သူက အတိအကျ ရှင်းမပြပါ။

MPT ကလည်း ရင်းနှီးမြှုပ်နှံမှု အဆက်အသွယ်အတွက် လုပ်ကိုင်နေပါတယ်။
ဘယ်လောက် လိုအပ်တယ် ဆိုတာကိုတော့ MPT ကလည်း ထုတ်မပြောပါဘူး။

MPT လုပ်မယ့် ရှေ့လုပ်ငန်းစဉ်တွေမှာ အစိုးရရဲ့ ပိုင်ဆိုင်မှုရှယ်ယာက ၁၂ ရာခိုင်နှုန်း ဖြစ်ပါလိမ့်မယ်လို့ MPT အရာရှိတဦးက ပြောပါတယ်။

ပြီးတော့ MPT က ပြင်သစ်၊ စင်္ကာပူ၊ ဂျပန်၊ ထိုင်းက ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးနေပါတယ်လို့ သူက ဆက်ရှင်းပြပါတယ်။

ဒါကတော့ ဧရာဝတီ အင်္ဂလိပ်ပိုင်းစာမျက်နှာမှာ ဒီကနေ့ တင်လိုက်တဲ့ Burma’s State-Backed Telcos Seek Backing to Take on New Rivals ဆိုတဲ့ သတင်း ကောက်နုတ်ချက်၊ လင့်က http://www.irrawaddy.org/archives/44222 ဖြစ်ပါတယ်။
အပြည့်အစုံကိုတော့ အဲဒီမှာ သွားဖတ်နိုင်ပါတယ်။ အချက်အလက် အသေးစိတ်ကို ဘာသာပြန်ဖို့က အချိန်ပေးနိုင်မှုအပါအ၀င် အခက်အခဲတွေကြောင့် ရာခိုင်နှုန်းတချို့ကိုပဲ ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဆက်စပ် -

ဖုန်းကတ် အလကားရမယ့်ခေတ် လာမယ် ... သို့သော် ကြာအုံးမယ် 
http://blog.irrawaddy.org/2013/08/blog-post_451.html

 



.

No comments:

Post a Comment