ဒီတရက်အတောအတွင်း အွန်လိုင်းကို လွှမ်းမိုးထားသူတွေကတော့ အသစ်စက်စက် Miss Universe Myanmar 2013 သရဖူဆုရှင် မိုးစက်ဝိုင်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့မြေး ဖိုးလပြည့် ခေါ် ကိုနေရွှေသွေးအောင်တို့ရဲ့ တက္ကသိုလ် များ ချံပီယံလိဂ် ဘောလုံးပွဲ ဖွင့်ပွဲအကြောင်းပါ။
ပြိုင်ကားပေါ်က ဆင်းလာတဲ့ မိုးစက်ဝိုင်နဲ့ ဖိုးလပြည့်၊ ဓာတ်ပုံ- Universities Champions League,Ko SaiSai
မနေ့ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ သူဋ္ဌေးကြီး ဦးတေဇရဲ့ ရန်ကုန် ယူနိုက်တက် အသင်းပိုင် ဘောလုံးကွင်းမှာ Universities Chiampion League ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။
အဲဒီဘောလုံးပွဲ ဖွင့်ပွဲမှာ အသစ်စက်စက် Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်ကို ခေါ်
ဆောင်လာမှာ ဖြစ် တယ်လို့ Universities Chiampion League က သူတို့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ကြိုတင်အသိပေးထားပါတယ်။
“2013 Miss Universe Myanmar မိုးစက်ဝိုင် မှ တက္ကသိုလ်များချန်ပီယံလိဂ်ဆုဖလားကြီးကို နံနက်ဖြန် အဖွင့် ပွဲစဉ် အခမ်းအနားတွင် ပရိသတ်များရှေ့မှောက်သို့ သယ်ဆောင်ပေးမည်ဖြစ်........” လို့ Universities Chiampion League က အောက်တိုဘာလ ၄ ရက်နေ့က ဆိုထားတာပါ။
နှစ် ၅၀ ကျော်မှ ပြန်လည် ဆန်းသစ်လာတဲ့ Miss Universe Myanmar အတွက် စပွန်ဆာကိုလည်း သူဋ္ဌေးကြီး ဦးတေဇက တာဝန်ယူခဲ့တာဆိုတော့ မိုးစက်ဝိုင်လည်း ဘောလုံး ကွင်း ဖွင့်ပွဲ ရောက်လာပါရော။
မနေ့က ညနေမှာတော့ မိုးစက်ဝိုင်ကို ဘောလုံးကွင်းအတွင်း ပြိုင်ကားလေးနဲ့ ဆုဖလားကို ကွင်းတပတ် သယ်ဆောင်ပြီး ဖွင့် ပွဲ အခမ်းအနားကို စတင်လိုက်ပါတယ်။ ဖွင့်ပွဲမှာလည်း ဖိုးလပြည့်နဲ့ အတူ အစိုးရ ၀န်ကြီး၊ တာဝန်ရှိသူတွေကို မြင်တွေ့ကြရတာပါ။
ဖိုးလပြည့်ဟာ လူမြင်ကွင်းကို တစတစ နေရာယူ ပြလာတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကတော့ အွန်လိုင်း မှာ ဆူညံနေတာ ပါဘဲ။
တချို့ကလည်း ဗိုလ်ချုပ်မှူးကြီးရဲ့ အာဏာ အခုထိ ကိုင်တွယ်ထားတယ်ဆိုတာ ပြသတယ်လို့ ပြောလို ပြော၊ စသဖြင့်ပေါ့။
သူဋ္ဌေးကြီး ဦးတေဇရဲ့ ဘောလုံးကွင်း၊ ဗိုလ်ချုပ်မှူးကြီးရဲ့ မြေး၊ အသစ်စက်စက် Miss Universe Myanmar 2013 မိုးစက်ဝိုင်၊ အစိုးရ အကြီးအကဲတချို့ ဒါတွေကို ဆက်စပ်စဉ်းစား ဝေဖန်သံတွေက မြင့်မားလာနေတာ အမှန်ပါဘဲ။
မနှစ်ကလည်း ဖိုးလပြည့် စီးနင်းလိုက်ပါမယ့် လေယာဉ်ထွက်ဖို့ သူမရောက်လာသေးလို့ နောက်ကျခဲ့တဲ့ဖြစ် ရပ်လေး နဲ့ အတူ နေပြည်တော် လေဆိပ်ကို လေယာဉ်ဆင်းသက်လာတဲ့အခါ လေတပ်အရာရှိက လာကြို ခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ဖူးပါတယ်။
ဒါကြောင့် ဒီရက်ပိုင်း အွန်းလိုင်းစာမျက်နှာတွေမှာတော့ ဖိုးလပြည့်ဟာ မိုးစက်ဝိုင်နဲ့အတူ ဆက်ရှိနေနိုင်ပါ တယ်။
အိမ့်သံစဉ် ~


ပြိုင်ကားက ဖိုးလပြည့်မောင်းတာလုံးဝမဟုတ်ပါဘူး။ ဆေးကျောင်းသား ၁ ရောက်မောင်းတာပါ။ ဖိုးလပြည့်ကစင်ပေါ်မှာစောင့်နေတာပါ။ သတင်းပြင်ပေးစေလိုပါတယ်။
ReplyDeleteYes, I also went to that football match. These are false rumors. Pho La Pyae was on the stage and didnt drive that car to the stage. Moe Set Wine came to the opening ceremony by her own car together with her family.
ReplyDeletePlease don't spread misleading information and false rumors.
ဒီ မိန်းကလေးမှ တဲ့လား မှားတာ
ReplyDeleteဒီ မိန်းကလေးမှ တဲ့လား လွန်တာ
ကိုယ့် ရဲ့  Profile Name ကိုလဲ အားနာကြပါဦး။
ဒီကိစ္စ မှာ အစွယ်လိုသူ မိဖုရား။ အသွားစေခိုင်းသူ မင်းဧကရာဇ်။ မြှားပစ်သူ မုဆိုးမှ ပဲ အပြစ်ရှိရော့သလား။ အထက်ပါ မင်းနှပါးကိုတော့ အဘယ်သို့မှ အပြစ် မပြောပဲ စာ တကြောင်းတင် Like ပေါင်း သောင်းချီ သိန်းချီ ရနေတဲ့ ဆရာသမားတွေက မိန်းမ တယောက်အပြစ်ပဲ ဓါတ်ပုံ သုံးပုံ ဟိုနား က ပတ်တင် ဒီနားက ပတ်တင် နဲ့ အပြစ်ပဲ မြင်ကြသလား။ ကိုယ်စားရှက်ပါဘိ။ မစားရတဲ့ အမဲ သဲ နဲ့ ပတ်သလိုပဲ။ ဒါလား နိုင်ငံကိုယ်စား ဘယ်သူ သွားသွား အားပေးပါ့မယ် ဆိုတဲ့သူတွေ။ လက်ရှိ အာဏာရှိနေတဲ့ လူတွေ က ခိုင်းတာ အဲ့ဒီ နိုင်ငံက သာမန် မယ်တယောက်က မဟုတ်ပါဘူး ကျမ ကားမောင်းတက်တယ်။ ကိုယ်ပိုင်ကားလဲ ရှိတယ်။ ကျမ ရဲ့ ကိုယ်ပိုင်ကား ကျမ မောင်းပြီး ဘောလုံးကွင်း တပတ် ပတ်ပါရစေ လို့ ဘယ်လို ပြောရဲမှာလဲ။ နိုင်ငံကျော် ကမ္ဘာကျော် ရန်ဖက်တွေတောင် ရှေ့ ရောက်ရင် မိတ်ဆွေဟောင်းတွေလို ရင်းနှီးပြနေကြတာ။ မိန်းမ တယောက်ကို ဘာလို့ အငြိုးတကြီး ရေးနေကြလဲ။ သိပ်ပြောချင်ရင် သိပ် မှန်ကန် ချင်ကြရင် ပြောပါလား တကယ့် နောက်ခံ ကို သွားပြောကြပါလား
အောင် ဆန်းဦးကိုအထင်သေးတယ် ဖိုလပြည့် ကိုတော့ ကျေးဇူးတင် တယ် မျိုးဆက်ဆိုတာ အသိစိတ် ပါပဲ
ReplyDeleteဖိုးလပြည့်ရေးသားခဲ့တဲ့စာတွေဖတ်ရတော့ အရင်က သူ့ကို အရိုင်းအစိုင်းလို့ထင်မိတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ်ကိုကိုယ်လည်း အပြစ်ရှိသလိုခံစားလာရပါတယ်။ ဆက်လုပ်ပါ။ စဉ်းစားထားသည် အတိုင်း ဆက်လက် အကောင်အထည် ဖော်စေလိုပါသည်။
ReplyDeleteလူယင်ကျေးလေးက ရဲဝန်ထမ်းကို ဆုံးမလိုက်တာများ အတုယူစရာနော် ယင်ကျေးမူ သင်တန်းမှာ ထည့် သင်သင့်တယ်
ReplyDelete